Pages

Saturday, August 25, 2012

ရန်ကုန်တိုင်း၌ ရက်ဆက် လျှပ်စစ်မီးဖြတ်မှုတွင် စက်မှုဇုန်များသာ နှစ်ဆိုင်းခွဲဖြတ်မည်


ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး(၃)ခုနှင့် ပြည်နယ်(၂)ခုတို့တွင် နေ့စဉ်နံနက် (၆းဝဝ)နာရီ
မှ ည(၉းဝဝ)နာရီထိ (၄)ရက်ဆက်တိုက် လျှပ်စစ်မီးပျက်တောက်မှုများ ရှိနိုင်မည် ဖြစ်ကြောင်း အမှတ်(၂)
လျှပ်စစ်ဝန်ကြီး ဋ္ဌာနမှသတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းတွင် နေထိုင်သူများ ဓါတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရန်နှင့် ဓါတ်အားလိုင်းများ ပြုပြင်
ရန်ရှိသဖြင့် ယခုကဲ့သို့ ဖြတ်တောက်ရခြင်းဖြစ်သည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း (၄)ရက်တာ ဓါတ်အားပြတ်တောက်မှုအား လူနေအိမ်များကို ပြတ်မည် မ
ဟုတ်ပဲ စက်မှုဇုန်များကို (၂)ဆိုင်းခွဲပြီး ဓါတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အား ပေးရေး
အဖွဲ့က သိရှိရသည်။
 
''မီးဖြတ်မယ့်အထဲမှာ ရပ်ကွက်တွေ လူနေအိမ်တွေ မပါပါဘူး၊ စက်ရုံတွေပဲ နှစ်ဆိုင်းခွဲဖြတ်မှာပါရန်ကုန်
မြောက်ပိုင်းခရိုင် ဓါတ်အာပေးရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
 
ရန်ကုန်တွင် ဓါတ်အားအဝင်မှာ (၁၆ဝ) မဂ္ဂါဝပ်အဝင် လျော့နည်းမည်ဖြစ်ပြီး အများပြည်သူများ၏ လျှပ်စစ် မီးသုံးစွဲမှုကို   ဖြတ်တောက်မည်မဟုတ်ပဲ စက်မှုဇုန်များကိုသာ ဖြတ်တောက်မည်ဖြစ်ပြီး ဓါတ်အားပိုခဲ့ပါက ဓါတ်အားပိတ်ထားသည့် စက်မှုဇုန်များသို့ ပြန်လည်ခွဲဝေပို့ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း သိရ
သည်။
 
မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းမှ တည်ဆောက်လျှက်ရှိသော (၂၃ဝ) ကေဗွီ မင်းလှပင်မဓါတ်အား ရုံအား လက်ရှိ ဓါတ်အား ပို့လွှတ်ထားသော (၂၃ဝ) ကေဗွီ ရွှေတောင်-မြောင်းတကာ မဟာဓါတ်အား လိုင်းနှင့် ချိတ်ဆက်ပြုလုပ်ရမည်ဟု အမှတ်(၂) လျှပ်စစ်ဝန်ကြီးဋ္ဌာနက သိရသည်။
 
မဟာဓါတ်အားလိုင်းနှင့် ပင်မဓါတ်အားခွဲရုံတို့ ချိတ်ဆက်ခြင်းလုပ်ငန်းကို အန္တရာယ်ကင်းစွာချိတ်ဆက် နိုင်
ရန်အတွက် (၂၃ဝ) ကေဗွီ ရွှေတောင်-မြောင်းတကာ မဟာဓါတ်အားလိုင်းအား ပိတ်ကာ ဆောင် ရွက်မည်
ဖြစ်ကြောင်း သိရှိရသည်။
 
အဆိုပါ ဓါတ်အားချိတ်ဆက်ဆောင်ရွက်မှုများကို သြဂုတ်လ (၂၅) နံနက် (၆းဝဝ)နာရီမှ စတင် ပြုလုပ်မည်
ဖြစ်ပြီး ၄င်းနေ့ ညနေ (၆းဝဝ)နာရီ အထိ ဓါတ်အားပိတ်ဆောင်ရွက်မည်ဖြစ်သည်။
 
အဆိုပါ ဓါတ်အားပိတ်ဆောင်ရွက်မှုများကြောင့် မီးအားပြတ်တောက်မည့် တိုင်းဒေသကြီးများမှာ ရန်ကုန်
တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ပြီး ပြည်နယ်များမှာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
 
ဓါတ်အားချိတ်ဆက်ဆောင်ရွက်နေစဉ်အတွင်းတွင် ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ ဘီးလင်း၊ သထုံ-မော်လမြိုင်များ
တွင်လည်း ဓါတ်အားပေးမှုလျော့နည်းမည်ဖြစ်ပြီး ချိတ်ဆက်ဆောင်ရွက်မှု လုပ်ငန်းများ ပြီးစီးသွားလျှင် ယ
ခင်အတိုင်း မီးများပြန်ဖြန့်ဝေပေးသွားမည်ဟု သိရသည်။

 မြစ်မခသတင်း

0 comments:

Post a Comment