Pages

Saturday, August 25, 2012

အနုပညာရှင်စစ် စစ်တစ်ေ ယာက်ဖြစ်ချင်သူ နန်းမြတ်ဖြိုးသင်း




အနုပညာအလုပ်ကို တကယ် ဝါသနာပါ ခုံမင်မြတ်နိုးပြီးတော့ အနုပညာ ရှင်စစ်စစ် တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုလာသူကတော့ နန်းမြတ်ဖြိုးသင်း ပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက အနုပညာလောကထဲကို ၂ဝ၁ဝ ခုနှစ် ကတည်းက စတင် ဝင်ရောက်လာ ပြီး ပရိသတ်တွေက နန်းမြတ်ဖြိုးသင်းလို့ သိ လာတာကတော့ ၂ဝ၁ဝခုနှစ်မှာ ဗန်းကိုင် တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။
အနုပညာလှုပ် ရှားမှုအနေနဲ့ “အိုကေရယ်ဒီ”ဆိုတဲ့ ဇာတ်ကား မှာ လူမင်းနဲ့အတူ ပထမဦးဆုံး အနေနဲ့ ပါဝင်
သရုပ်ဆောင်ခဲ့ပြီး အဲဒီ ဇာတ်ကားမှာပဲ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း အနေနဲ့ ပရိသတ်တွေ သတိထား မိ
လာကြပါတယ်။ အဲဒီဇာတ်ကားလေးက ပထမဦးဆုံး ရိုက်ဖြစ်တဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် ဒီဇာတ် လေးနဲ့
ပတ်သက် ပြီးတော့ ကံကောင်း မှုတွေရှိ လာသလို၊ အမှတ်တရလေးတွေလည်း ဖြစ်ခဲ့ရတယ်လို့ နန်းမြတ်ဖြိုး
သင်း ကဆိုပါတယ်။

အနုပညာ သက်တမ်း၂နှစ်ကျော် လောက်ပဲ ရှိသေးပေမယ့် ဒီ၂နှစ်ကျော် အတွင်းမှာ သရုပ်ဆောင်အနုပညာ
အလုပ်ကို လုပ်ရတဲ့အတွက် လူငယ် တစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ ရတာတွေ ရှိခဲ့လားလို့ မေး
ကြည့်တဲ့အခါ နန်းမြတ်ဖြိုးသင်း က”နန်းမြတ်က ဒီလောကထဲမှာ နာမည် တစ်ခုရအောင်လို့လည်း ကြိုးစား
နေရ တုန်းပါပဲ။ ကိုယ်ကအစစအရာရာ ဆင်ခြင်ပြီးတော့ နေထိုင်ဖြစ်တယ်။ နန်းမြတ်က လူငယ်တစ်ယောက်
 ဖြစ်ပေမယ့် အပြင်တွေ၊ ဘာတွေ သွားရတာကို သိပ်မကြိုက်ဘူး။

ဒါပေမဲ့ နန်းမြတ်မှာ ပြဿနာ တစ်ခု ရှိတာက လမ်းဘေး အစား အစာကို တအားကြိုက်တဲ့ အကျင့် လေးတစ်
ခုရှိတော့ တစ်ခါ တလေ တော့လည်း စိတ်အလိုကို လိုက်ပြီး တော့ လမ်းဘေးမှာပဲ ဆင်း စားဖြစ်တာ တွေ့ရှိ
သလို ဝယ်ပြီးတော့ တစ်ခါ တလေ အိမ်မှာပဲ စားဖြစ်တာတွေရှိ တယ်။ အဲဒီလိုမျိုး ပြဿနာရှိတဲ့ အတွက် လူ
ငယ် တစ်ယောက်ရဲ့ လွတ်လပ်မှုတွေကို နန်းမြတ်က သိပ်ပြီးတော့ မတောင်းတခဲ့မိဘူး။

နန်းမြတ်က အနုပညာ အလုပ်ကိုပဲ လုပ်ချင်တယ်။ အလုပ်လုပ် ရတာကိုပဲ ပိုပျော်တယ်။ နောက်ပြီးတော့ နန်းမြတ်က အပြင်မှာလည်း ကလေးလိုပဲ နေဖြစ် တော့ တချို့က ပြောကြတယ်။ နန်းမြတ် ကလေးလို မနေနဲ့ သရုပ်ဆောင် တစ်ယောက် လိုနေ လို့ ပြောကြတယ်”လို့ ရိုးသားပွင့်လင်းစွာပြောလာပါ တယ်။


“နန်းမြတ်အနေနဲ့ ပေါ်ပြူလာဖြစ်ချင် တာထက် ကိုယ့်ရဲ့ ဆရာဝန်အလုပ်ကို စွန့်လွတ်ခဲ့ရတယ် ဆိုတော့ ဒီ
အနုပညာ အလုပ်ကိုပို ပြီးတော့ အချိန်ပေးပြီးလည်း လုပ်ခဲ့ရတယ်။ ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်မျိုး နဲ့လုပ်ခဲ့
တာ မဟုတ်ဘဲနဲ့ ဒီအနုပညာ အလုပ်မှာပဲ အကယ်ဒမီ ဆုနဲ့ တကယ် ကို ထိုက်တန်တဲ့ မင်းသမီးတစ် ယောက်
ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်”လို့ နန်းမြတ်ဖြိုးသင်းက သူ့ရဲ့ အနုပညာ ရူးသွပ်မှု ကို ပြောပြ ပါတယ်။ နန်းမြတ်ဖြိုးသင်းက သရုပ်ဆောင် အပြင် ဂီတဘက်မှာလည်း သီချင်းတွေ ဆိုဖြစ်နေပြီး အတွဲအခွေ
မှာလည်း ဆိုဖြစ်ပါ တယ်။
 
နောက်ပိုင်းမှာလည်း သရုပ်ဆောင်နဲ့ အဆို ဘက်ကို အချိန်ပေး ပြီးတော့မျှ လုပ်သွား ဖို့လည်းရှိတယ်လို့ ပြော
ပါတယ်။ 
 
ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment