Pages

Saturday, August 25, 2012

ယခုနှစ်ကုန်အထိ ရေကြီးမှုတစ်ကြိမ်နှင့် မုန်တိုင်း(၃)လုံးကျန်ရှိကြောင်း ဒေါက်တာထွန်းလွင်ဆို


မြန်မာနိုင်ငံတွင် ၂ဝ၁၂ခုနှစ် အောက်တိုဘာလအတွင်း၌ ရေကြီးမှုဒဏ် နောက်ထပ်တစ်ကြိမ် ကြုံတွေင်
ကြောင်း မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

" အောက်တိုဘာလ အတွင်းမှာတော့  ရေကြီးမှုနောက်တစ်ကြိမ်ကြုံ နိုင်ပါတယ်။ အဲဒါ ကျော်သွားရင်တော့ ရာသီဥတုကောင်းလာနိုင်မှာပါ"ပာု ဦးထွန်းလွင်က ပြောသည်။
 
ယခုလက်ရှိအခြေအနေတွင် ရာသီဥတုမှာ အကောင်းဘက်သို့ ရောက်ရှိလာပြီဖြစ်ပြီး မြန်မာပြည် အလယ်
ပိုင်းနှင့်    အောက်ပိုင်း ဒေသများတွင် မိုးလျော့နည်းကာ လာမည့် အပတ်ထိ မိုးနည်း နိုင်ကြောင်း ၄င်းက ခန့်မှန်းပြောကြားသည်။
 
ထို့အပြင် မုန်တိုင်းတိုက်ခတ်မှုမှာလည်း ယခုအချိန်ထိ တိုက်ခတ်မှုမရှိသေးဘဲ လာမည့် စက်တင် ဘာလ
 နောက်ဆုံးပတ်မှ နိုဝင်ဘာလအတွင်း မုန်တိုင်းတိုက်ခတ်ရန် (၃)လုံးအထိ ကျန်ရှိကြောင်း ကိုလည်း သိရ
သည်။
 
''မြန်မာနိုင်ငံရဲ ရာသီဥတုဆိုးရွားမှုပာာ နံပါတ် (၂)နေရာ ရောက်နေပါပြီ။ နောက်ထက်ဆိုးဖို့ က တိုက်ဆိုင်
ရင် ဆိုးမှာပဲ''ပာု ဒေါက်တာထွန်းလွင်က ဆက်ပြောသည်။
 
အထက်ပါ ရာသီဥတုဆိုးရွားမှုများမှာ  လေထုထဲသို့  ကာဗွန်ဝင်ရောက်မှုများကြောင့်ဖြစ်ပြီး ယခုအခါ လေ
ထုတွင် ကာဗွန်ပါဝင်မှုမှာ ဏဏြ(၃၉ဝ)ကျော်မှ(၄ဝဝ)ကျော်နီးပါ အထိရှိသည်ဟု  လေလာရကြောင်းသ
ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်စင်က ဆိုသည်။
 
''ကာဗွန်က ၃၅ဝ ရှိတာတောင် ကန်းကုန်နေပြီ။  အာလုံးပာာ ရေငွေပြန်နှုန်းများလာရင် မုန်တိုင်း တွေဖြစ်
လာမယ်။  မုန်တိုင်းဖြစ်တာနဲ့အတူ ရေကြီးတာတွေ မိုးခေါင်တာတွေဖြစ်လာမယ်။''ပာု အထက်ပါ သဘာဝ
ပတ်ဝန်းကျင်ပညာရှင်က ၄င်းလေ့လာထားသည်များကို ပြောသည်။
 
ထိုပြင် ရေကြီးနစ်မြုပ်မှုများကြောင် ရက်ကွက်များအတွင်း ရေငန်များဝင်ရောက်ကာ မြေအောက်ရေ များ
လည်း ပျက်စီးလာနိုင်မည်ဖြစ်ကြောင်း ထိုဖြစ်စဉ်များသည် ပျက်စီမှုကိုသာ  ဦးတည်ကြောင်း ကိုလည်း သိရ
သည်။
 
''ရာသီဥတုပြောင်းလဲလာမှုတွေပာာ (၁၈)ရာစုကတည်းက သိပံ္ပပညာရှင်တွေပြောတာကို အစိုးရကော၊ စီး
ပွားရေးသမားတွေကော လူထုကကော ဂရုမပြုကြလို့ ဖြစ်တာပါ။ ထုတ်သမျှပာာ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် လူထုကပါ ကြိုးပမ်းပြီးလမ်းကြောင်းရှာရမှာပါ''ဟု ဒေါ်ဒေဝီသန်စင်က မှတ်ချက်
ပြုပြောကြားသည်။
 
မြန်မာနိုင်ငံတွင် ပြည်ပရင်နှီးမှုများ အများအပြား ဝင်ရောက်ရန်တာစူနေချိန်တွင် ထုတ်ကုန်လုပ်ငန်းများဝင်
ရောက်မည်ဆိုပါက ပတ်ဝန်ကျင်အား မထိခိုက်နိုင်သည် လုပ်ငန်းများကိုသာ အစိုးရအနေဖြင့် ဦးစားပေး
ရွေးချယ် ခွင်ပြုသင့်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းလိုသူများက သုံးသပ် သည်။

မြစ်မခသတင်း
 

0 comments:

Post a Comment