ထိုင်း မြန်မာနယ်စပ် မြ၀တီ နဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတား
ကို မကြာခင် တည်ဆောက်တော့မယ် လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆိုကြောင်း
ထိုင်းနိုင်ငံ ထုတ် The Nation သတင်းစာ က ဖေါ်ပြပါတယ်။ လက်ရှိ ချစ်ကြည်ရေးတံတားမှာ အသေးစား နဲ့ အလတ်စားမော်တော်ယာဉ်တွေသာ သွားလာနိုင်ပြီး၊
မကြာခင် တည်ဆောက်မယ့် ချစ်ကြည်ရေးတံတားသစ်မှာ တန် (၆၀) အထိ အကြီးစားမော်တော်ယာဉ်တွေ
ဖြတ်သန်းနိုင် မယ်လို့ မြန်မာ ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်း က ပြောဆိုပါ
ဖြတ်သန်းနိုင် မယ်လို့ မြန်မာ ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်း က ပြောဆိုပါ
တယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လွင် ကလည်း ဆောက်လုပ်မယ့် နေရာကို သတ်မှတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လွင် ကလည်း ဆောက်လုပ်မယ့် နေရာကို သတ်မှတ်
ပြီးပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ဇွန်လ က
နှစ်နိုင်ငံကိုယ်စားလှယ်တွေ အဆိုပြုခဲ့တဲ့ နေရာ သုံးနေရာထဲက လက်ရှိ တံတား
ရဲ့ မြောက်ဘက် သုံးမိုင် အကွာနေရာကို ရွေးချယ်ထားကြောင်း ပြောဆိုပါတယ်။
RFA (Burmese)
0 comments:
Post a Comment