Pages

Saturday, August 25, 2012

Asia World မှ တာဝန်ရှိသူတစ်ဦးက လူထုအားတောင်းပန်

နေအိမ်များရေနစ်မြုပ်မှုနှင့်ပတ်သက်ပြီးAsiaWorldနှင့်သက်ဆိုင်ရာမှဖြေရှင်းပေးရန်ဆန္ဒပြနေ သည့်နေရာ
သို့၈၈မျိုးဆက်ကျောင်းသားအဖွဲ့မှကိုပြုံးချိုနှင့်ကိုမြအေးအပါအ၀င်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ချို့ လာရောက် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ Asia World မှ တာဝန်ရှိသူတစ်ဦးက ဆန္ဒပြသူများကို တောင်းပန်ကြောင်းပြန်လည် ပြောကြားခဲ့ပြီး ရန်ကုန်မြစ်အတွင်းသို့စီးဝင်သည့်မြောင်းကြီး၏ရေထွက်ပေါက်အားAisaWorldကုမ္ပဏီမှ ကွန်ကရစ် မြောင်း
ဖုံးများဖြင့် ပိတ်ထားမှုကို ယခု ညပိုင်းတွင် ပြန်လည် ဖယ်ရှားသွားမည်ဖြစ်ပြီး မူလအတိုင်း ပြန်လည် ထားရှိပေးမည်ဟု သိရပါသည်။

ယင်းနောက်ဆန္ဒပြသူများအားမိမိတို့လိုလားချက်များရရှိပြီဖြစ်သဖြင့်စည်းကမ်းရှိစွာ ပြန်လည်ထွက်ခွာကြ
ရန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းများက မေတ္တာရပ်ခံခဲ့ပြီး ဆန္ဒပြသူများကလည်း ည ၁၀နာရီ ၁၀ မိနစ်ခန့်မှ စ၍ လူစုခွဲကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
 
 

0 comments:

Post a Comment