Pages

Saturday, August 25, 2012

ဒလ၌ ကမ်းပါးပြို၍ နေအိမ် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရ


ဒလမြို့နယ် ကျောင်းစုကျေးရွာ ကမ်းပါးထိမ်း အကာအရံမှာ တည်ဆောက်ပြီး တစ်လကျော် အကြာ တွင် ပြိုကျ ပျက်စီးသွားခဲ့၍ နေအိမ် ၁၆ လုံးရွှေ့ပြောင်းခဲ့ရသည်။

တွံတေး တူးမြောင်းတွင်း ရေယာဉ်များ အချိန်မရွေး သွားလာနိုင်စေရေး အတွက် တူးမြောင်းဝအားချဲ့လိုက်
ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကမ်းပါးပြိုကျမှုအား ကာကွယ်ရန် အတွက် ဒလမြို့နယ် ကျောင်းစုကျေး
ရွာ ကမ်းပါးတွင် ကမ်းပါးထိမ်း အကာအရံအား ရွှေမြိုင်ဦး ကုမ္ပဏီမှ ကန်ထရိုက် ယူရ၍ ဆောက်လုပ်ခဲ့ရာ ဇူ
လိုင်လ (၁၀)ရက်တွင် ပြီးစီးသွားခဲ့သည်။ ထိုအကာအရံမှာ သြဂုတ်လ (၁၇)ရက်ညတွင် ပြိုကျပျက်စီးသွားခဲ့
ခြင်းဖြစ်သည်။ ကမ်းပါးထိမ်း အကာအရံနှင့် ကမ်းပါးပြိုကျ မှုကြောင့် ယခုအချိန်အထိ တစုံတရာ ထိခိုက်မှု မ
ရှိသေးသော်လည်း ထပ်မံပြိုကျမည့် အန္တရာယ် အလားအလာကြောင့် အနီးအနားရှိ နေအိမ် (၁၆)လုံးအား လုံ
ခြုံ စိတ်ချရာသို့ ရွှေ့ပြောင်းနေ ထိုင်စေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


Asia Frame Media Group:


သတင်းဓာတ်ပုံ(၁)
သတင်းဓာတ်ပုံ(၂)
သတင်းဓာတ်ပုံ(၃)

0 comments:

Post a Comment