Pages

Saturday, August 25, 2012

ဆင်ဖြူတော်တွေကို ရောင်း လိုက်ဖို့ မြန်မာတိုင်းမ် သတင်းစာက တိုက်တွန်း


ဗိုလ်ချုပ်ကြီးတွေ သဲသဲလှုပ်ကိုးကွယ်တဲ့ ဆင်ဖြူတွေကို လေလံတင်ရောင်းလိုက်ပါ လို့ မနေ့ကရက်စွဲနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းမ် သတင်းစာစောင်မှာ တိုက်တွန်းထားပါတယ်။
မိုး လို့ ခေါင်းစဉ်ပေးထားတဲ့ စာရေးဆရာမာဂျေရဲ့သရော်စာမှာ သို့ကလို တိုက်တွန်းလိုက်တာပါ။

မြန်မာပြည်အနှံ့ ရေကြီးအောင် မိုး သည်းသည်းမည်းမည်း ရွာနေရတာဟာ ဒီကောင်တွေကြောင့် ဖြစ်နိုင်
တယ်လို့ စာရေးသူက သရော်ထားပါတယ်။

ဆင်ဖြူတော်တကောင်ရှိရင် တိုင်းပြည်မှာ မိုးမှန်မှန်ရွာမယ်လို့ ရှေးက အယူအဆတခုကို သူက ရေးပြ တာ
ပါ။

သူ့ရေးသားချက် အတိအကျက ဒီလိုပါ -"မြန်မာနိုင်ငံတွင် ဆင်ဖြူတော်တွေ ပေါလွန်းသည်။ ထို့ကြောင့်လည်း မိုးကြီးနိုင်သည်။ ထိုဆင်ဖြူများကို နိုင်ငံရပ်ခြားသို့ လှူလျှင်ရော? မိုးခေါင် ရေရှားသော အာဖရိကနိုင်ငံများသို့ ဆင်ဖြူများ လှူသင့်သည်။ သို့မဟုတ် လေလံပစ် ရောင်းချသင့်သည်"

ဆင်တွေကို ဆရာမာဂျေရဲ့ သရော်စာထဲမှာ အကြံပေးထားသလို ကန်ထုတ်လိုက်ရင် မိုးရေချိန်လျော့ မ
လျော့ မသေချာပေမယ့် မြန်မာပြည်သားတို့ရဲ့ အခွန်ငွေနဲ့ ဆင်တွေကို ပြုစုနေရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးတွေ
တော့ လျော့ကျသွားမှာပါ။

သူက မိုးကြီးနိုင်တဲ့အကြောင်းကို ရေးသားရင်းနဲ့ ဆင်ဖြူအကြောင်း တို့လိုက်တာ ဖြစ်ပါတယ်။

မိုးကြီးနိုင်တဲ့ နောက်ထပ် အကြောင်းရင်းတခုကိုလည်း အခုလို တွေ့ရမှာပါ -"ဘီလူးသရဲများ မြို့မှထွက်လျှင်
လည်း ကပ်ဆေးမိုး ရွာသွန်းတတ်သည်ဟု တွေ့ရပြန်သည်။ ဒါကတော့ ကိုယ်နှင့် လက်လှမ်းမမီ။ ဘယ်လိုဘီ
လူးသရဲ တွေ ရန်ကုန်ကထွက်သွားသဖြင့် မိုးကြီးရွာသည်ဟု ငြင်းရ မည့်ကိန်း ဖြစ်နေသည်"

မာဂျေက ရန်ကုန်မှာ နေပါတယ်။ ရန်ကုန်ကနေ ဘယ်ဘီလူး ဘယ်သရဲတွေ ထွက်သွားသလဲ၊ ဘီလူးသရဲ ဆိုတာကရော ဘာလဲ ဆိုတာ ရေးမထားပါဘူး။

ဘီလူးသရဲတို့အကြောင်း သူရေးထားသမျှကတော့ "ဘီလူးသရဲကိုတော့ သူတစ်ပါးကိုခြောက်လှန့်နှိပ် စက်
တတ်သူဟု သိရသည်။ ကိုယ့်ဟာကိုယ် တွေးကြည့်ရန်သာ ဖြစ်သည်" ဆိုတာပဲ ဖြစ်ပါတယ်။

ဘီလူးသရဲ ဆိုတာတွေကို ရန်ကုန်မှာ ပြန်နေဖို့ သွားပင့်ရင် မိုးတိတ်သွားမလား ဆိုတာလည်း သူ့စာထဲ ရေး
မထားပါ။

ဘီလူသရဲတွေကို သွားညှိဖို့ထက် ဆင်ဖြူတွေ ရောင်းထုတ်လိုက်ရေးက ပိုပြီး လွယ်ကူ လက်တွေ့ကျဖွယ် ရှိ
ပါတယ်။

အဲ ... အစိုးရက ဆင်ဖြူတွေကို ရောင်းတော့မှာလား ဆိုတာကတော့ သိပ်မသေ ချာပါဘူး။ ပြည်သူအများ
တောင်းဆိုရင်တော့ ဦးသိန်းစိန်ကြီးက လိုက်လုပ်ပြတတ်တဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် ဒီဆင်တွေကို ဈေးကွက်တင်ရောင်းချဖို့ တိုက်တွန်းတာတွေ ပေါ်လာနိုင်ချေရှိပါတယ်။

ဧရာဝတီသတင်း

0 comments:

Post a Comment