Pages

Monday, July 30, 2012

ကမ္ဘာလှည့်ခရီးသွားများအတွက် ၀ိုင်းဝန်းစဉ်းစားသင့်သည့် Home Stay စနစ်



မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့လာချိန်တွင်နေထိုင်မှုအဆင်ပြေစေရန် လူနေအိမ်များ၌       တည်းခိုနိုင်သည့် (HomeStay)စနစ်အား အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တို့က အကြံပြုပြောဆိုကြသည်။


မြန်မာပြည်ကို နိုင်ငံတကာကလာလည်ချင်ကြတယ်။ ဒါပေမယ့် နေထိုင်မှုအတွက်အခက်အခဲတွေရှိတယ်။ ကြယ်ငါးပွင့်၊ ကြယ်လေးပွင့်လိုဟိုတယ်မျိုးတွေမှာမတည်းနိုင်တဲ့သူတွေအတွက် Home Stay တွေရှိဖို့လိုအပ်
တယ်” ဟုစီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

မြန်မာနိုင်ငံဥပဒေအရလူနေအိမ်များတွင်(သန်းခေါင်းစာရင်း၊ဧည့်စာရင်းအခက်အခဲ) တည်းခိုခွင့်မရှိသော်
လည်း ကမ္ဘာလှည့်ခရီးသည်များလူနေအိမ်များတွင်နေထိုင်မူ (Home Stay)စနစ်ထည့်သွင်းစဉ်းစားရန်
လိုအပ် ကြောင်းအဆိုပါပညာရှင်က ၄င်း၏အမြင်ကို ဆက်ပြောသည်။

ကမ္ဘာလှည့်ခရီးသည်များ လူနေအိမ်များတွင်တည်းခိုနိုင်သည့်စနစ်အသုံးပြုလာနိုင်ပါက ခရီးသွားဧည့်သည်
များအတွက် ဟိုတယ်ခန်းများမလုံလောက်ခြင်းနှင့် ဟိုတယ်ခန်းခဈေးနှုန်းမြင့်မားခြင်း ပြဿနာကိုဖြေရှင်း
ပေး နိုင်ကြောင်း၊ ခရီးသွားဧည့်သည် ၀င်ရောက်မပိုမိုများပြားလာနိုင်ကြောင်း၊ ခရီးသွားများအနေဖြင့်မြန်မာ
လူမျိုး များ၏ ယဉ်ကျေးမှုနှင့် လူနေမှုဓလေ့ထုံးတမ်းများကိုရင်းနှီးစွာလေ့လာနိုင်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်း အ၀ိုင်းကသုံးသပ်သည်။

 သူများနိုင်ငံက ကိုယ်နိုင်ငံကို စိတ်ဝင်တစားနဲ့လာလေ့လာတယ်ဆိုမှာတော့ကိုယ့်နိုင်ငံရဲ့နေထိုင်မှုရိုးရာ
ဓလေ့ တွေကို သိအောင် ဖော်ပြသင့်တယ်။သူတို့အတွက်လည်း အကျိုးအရှိသလို ကိုယ့်နိုင်အတွက်လည်း အကျိုးရှိတယ်ဟုRuby Land Travel & Tourကုမ္ပဏီပိုင်ရှင် ဦးအေးကျော်က ပြောသည်။

ရန်ကုန်မြို့အပြင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော ဒေသများရှိလူနေအိမ်များအား နိုင်ငံခြားများ တည်းခို နေထိုင်နိုင်သည့်အနေအထားဖြစ်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ အကူ
အညီဖြင့် ပုံမှန်စစ်ဆေးမှုများပြုလုပ်လျှင် အဆင်ပြေနိုင်ကြောင်း ပညာရှင်များကအကြံပြုပြောဆိုကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသောကမ္ဘာလှည့်ခရီးသည်များအနေဖြင့် နေထိုင်ရန် ဟိုတယ်အခန်းရရှိနိုင်မူအခက်အခဲ၊ဟိုတယ်ခန်း ဈေးနူန်းမြင့်မားနေခြင်းတို့ကြောင့်ခရီးစဉ်ဖျက်သိမ်းမူ
များရှိလာကြောင်းကိုလည်း သိရသည်။

တချို့ဧည့်သည်တွေကို ကျွန်တော်တို့က ပြောရတယ်၊ မင်းပါလာတဲ့ဘက်ဂျက်နဲ့တော့အခန်းမရနိုင်ဘူး။ ငါ့ရုံးခန်းမှာ အိပ်မလားဆိုပြီးရုံးခန်းကြမ်းပြင်မှာပဲ အိပ်သွားရတဲ့ဧည့်သည်တွေ တောင်ရှိတယ်။ဟုကိုယ်တိုင် ကြုံတွေ့ခဲ့ရကြောင်း ဦးအေးကျော်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ကြယ်သုံးပွင့်အဆင့်ဟိုတယ်အခန်းခများမှာဒေါ်လာ (၉၀)မှ (၁၁၅)အထိ၊ ကြယ်ငါး ပွင့်အဆင့်ရှိ ဟိုတယ်ခန်းမှာဒေါ်လာ (၁၂၀)မှ (၁၇၅)အထိနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ခန်းမှာ ဒေါ်လာ (၁၇၀)မှ(၂၅၀)အထိ   ပေးချေနေရကြောင်းကိုလည်း  သိရှိရသည်။


မြစ်မခမီဒီယာ

0 comments:

Post a Comment