Pages

Monday, July 30, 2012

Asian Film Commission Network (AFCNet) တွင် နိုင်ငံတကာ ရုပ်ရှင်အကြံပေး ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr. William (Bill) Bowling သည် မြန်မာနိုင်ငံသို့ လာရောက်

e7432


Asian Film Commission Network (AFCNet)  တွင် နိုင်ငံတကာ ရုပ်ရှင်အကြံပေး ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်နေသူ Mr. William (Bill) Bowling သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇူလိုင် လ ၂၅ ရက်နေ့နှင့် ဇူလိုင်လ၂၇ရက် နေ့များတွင် မြန်မာအနုပညာရှင်၊ အတတ်ပညာရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။

Mr. William (Bill) Bowling သည် ၀ါနာဘရားသားစ်ရုပ်ရှင် ကုမ္ပဏီ၌လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ကာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ သြစ တြေးလျ၊ ဆွီဒင်၊ ကော်စတာရီကာ၊ မက္ကဆီကို၊ ချီလီ၊ စပိန်၊ ဂျော်ဒန်၊ အဘူဒါဘီ စသည့်နိုင်ငံများတွင် ရုပ်ရှင်နည်းပညာဆိုင်ရာ အကြံပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရပါသည်။ 
၎င်းသည် ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ မြန်မာအနုပညာ အတတ်ပညာရှင်များနှင့် တွေ့ဆုံခဲ့ကာ ရုပ်ရှင်ဆိုင်ရာ အမြင်များ ကို ဖလှယ်ခဲ့ကာ အနာဂတ်မြန်မာ့ ရုပ်ရှင်အခြေအနေများနှင့် ပတ်သက် ၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ 
ထိုဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် အနုပညာရှင် အများအပြား တက်ရောက်ခဲ့သည်။
ထို့နောက် ဇူလိုင်လ ၂၇ ရက် နေ့တွင် ဗိုလ်အောင်ကျော်လမ်းရှိ Home ၌ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု ပြုလုပ်ပြီး မြန်မာအနုပညာရှင်များ နှင့်တွေ့ဆုံခဲ့ပါသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲသို့ ကဗျာဆရာ မောင်စိမ်းနီ၊ ချစ်ဦးညို၊ ဦးဇာဂနာ၊ ဦးဇော်သက်ထွေး၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ ကြည်ဖြူသျှင် အစရှိသူတို့ တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ Mr. William (Bill) Bowling က ဗိုလ်ချုပ်အောင်ဆန်းအထ္တုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားအတွက် အကူအညီများ ပေးလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
Mr. William (Bill) Bowling သည် Association of Film Commission International တွင် အကြံပေးအဖွဲ့ဝင်အဖြစ် အဖြစ်ဆောင်ရွက်လျက်ရှိသူ တစ်ဦးဖြစ်ပါသည်။

Eleven Media Group:

0 comments:

Post a Comment