Pages

Monday, July 30, 2012

တစ်လလျှင်ယာဉ်လိုင်း(၂)လိုင်း နတ်ပိုက်ဆံကဒ်တိုးချဲ့တပ်ဆင်မည်



သြဂုတ်လမှစတင်ပြီးတစ်လလျှငယာဉ်လိုင်းနှစ်လိုင်းနှုန်းဖြင့်ရန်ကုန်မြို့တွင်းရှိလိုင်းကားများပေါ်တွင် နတ်ပိုက်ဆံကဒ် အသုံးပြုနိုင်ရန် တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


 “တချို့နေရာတွေမှာ station တွေ လုပ်ဖို့ အခက်ခဲရှိပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ အမြန်ဆုံး လုပ်ချင်ပါတယ်။ ဒီလကုန်တာနဲ့စပြီးလုပ်မှာပါ။ အခုလဲ ကျွန်တော်တို့ အဓိပတိအ၀ါ ယာဉ်လိုင်းကို သင်တန်းပေးနေပါတယ်” ဟု နတ်ပိုက်ဆံကဒ်(i Pay)ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာကိုအောင်ကျော်က ပြောသည်။

လက်ရှိ နတ်ပိုက်ဆံကဒ်အသုံးပြုနေသော ယာဉ်လိုင်းမှာအဓိပတိအပြာယာဉ်လိုင်းတွင် (၅၈)စီး၊ အဓိပတိ
အနီ (၄၈) စီး၊ ၁၂၄(မထသ)ယာဉ်လိုင်း (၃၆) စီးနှင့် ၁၉၇ (ရွှေအင်းဝ) ယာဉ်လိုင်း  (၆)စီးတို့ဖြစ်ပြီး
နတ်ပိုက်ဆံ ရောင်းချထားသော ကဒ်အရေအတွက်မှာ စုစုပေါင်း (၂သောင်း)ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

 ၎င်းကဒ်ကို (၃)လကြာ အသုံးမပြုဘဲထားပါက  ပြန်ပိတ်ကာလော့ကျ(Lock)သွားနိုင်ပြီး အကယ်၍ လော့
ကျသွားလျှင် မိမိအမည်၊ကဒ်နံပါတ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ကြောင်းကိုလည်း သိရှိရသည်။

Ipay ကုမ္ပဏီမှ နတ်ပိုက်ဆံ ငွေဖြည့်နိုင်ရန် station (၁၁)ခုဆောက်လုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး အဓိက
အားဖြင့် လူစည်ကားသောသမိုင်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံနှင့် လှည်းတန်းလမ်းဆုံများတွင်စီစဉ်
ထားကြောင်း ကိုအောင်ကျော်က ဆက်ပြောသည်။

ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတွင်မူ စီးတီးဘတ်စ်အသုံးပြုမှုနည်းသဖြင့်နတ်ပိုက်ဆံကဒ်များအသုံးပြုရန်
ယခုချိန်အထိ  အစီအစဉ်မရှိသေးပေ။

နတ်ပိုက်ဆံကဒ်အသုံးပြုရာတွင်  ယာဉ်နောက်လိုက်များအနေဖြင့် ကဒ်ဖြတ်ချိန်အနည်းငယ်အခက်အခဲ
ရှိကြောင်းနှင့်  ဓါတ်ခဲအားသွင်းချိန် အခက်အခဲရှိကြောင်းယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များက ဆိုသည်။

 “ကျွန်တော်တို့အနေနဲ့တော့ အခက်ခဲမရှိပါဘူး ဒါပေမယ့်လူတယောက်စာအတွက်ကဒ်တစ်ကဒ် ဖြတ်ရတာ ၉ မိနစ်လောက်ကြာတယ်ဆိုတော့အချိန်နည်းနည်းတော့ပေးရတာပေါ့ဟု အဓိပတိ(အပြာ)ယာဉ်နောက်
လိုက် တစ်ဦးကပြောသည်။


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment