Pages

Monday, July 30, 2012

ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ပြန်လည်ထူထောင်ရေးကာလရှည်ကြာနိုင်ဖွယ်ရှိ



ပဋိပက္ခဖြစ်ပွားခဲ့သောဒေသများတွင်တည်ငြိမ်နေပြီဖြစ်သော်လည်းရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောဒေသများမှ လယ်သမားများအနေဖြင့် ၄င်းတို့၏လယ်ယာလုပ်ငန်းများအားယနေ့အထိ
လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။



ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍အထောက်အပံ့ပစ္စည်းများပေးလှူခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ညီလာခံကျင်းပရေးကော်မရှင်၊ရခိုင်ပြည်နယ်အတွင်းေ
ရးမှူးဦးမောင်ကြွင်း
အောင် က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသများရှိလယ်သမားများမှာအလုပ်မလုပ်နိုင်ကြသေးပဲအလုပ်လက်မဲ့ဖြစ်နေသည့်အတွက်ပြန်လည်ထူထောင်ရေးမှာ ခက်ခဲနေဦးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“ရသေ့တောင်မြို့နယ်တွေကို ရောက်ခဲ့တယ်။အဲဒီမှာလယ်သမားတွေအခုအချိန်ထိမစိုက်ပျိုးနိုင်ကြသေးဘူး။ နောက်လ ဆိုရင်စပါးစိုက်ပျိုးချိန်လွန်တော့မယ်၊ မောင်တောမှာကျွန်တော်တို့တွေ့ခဲ့တယ်။ ဘာမှမကျန်
တဲ့မိသားစုတွေ ဘ၀ပျက်ပြီး   ဖြစ်သွားတာတွေ၊ ဗီဒီယိုပြတဲ့သူတွေကဗီဒီယိုပါသွားတာတွေ စသဖြင့်အများကြီးပဲ’’ဟု ရခိုင်ပြည်နယ် အတွင်းရေးမှူးဦးမောင်ကြွင်းအောင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ဒုက္ခသည်များအတွက်နှစ်ကြိမ်မြောက်တွင်စုစုပေါင်းကာ
လတန်ဖိုးသိန်း (၆၀၀) ၀န်းကျင်လှူဒါန်းနိုင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

ပထမအကြိမ်တွင် သိန်း(၂၄၀)ထောက်ပံ့ခဲ့ပြီး ဇူလိုင်(၂၃)ရက်တွင် ရသေ့တောင်ဘူးသီးတောင်၊ မောင်တောသို့ သွား ရောက်ကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းဒေသများတွင် ဒုက္ခသည်များအတွက် လူနေအိမ်များအဓိကလိုအပ်နေကြောင်းကိုလည်း သိရှိရသည်။

မောင်တောမြို့ပေါ်တွင်လည်း ဒေသခံများအပြင်မထွက်ရဲသေးသလိုအလုပ်အကိုင်များလည်း ရပ်ဆိုင်ထား ရဆဲဖြစ်ကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားလုပ်ငန်းများလည်းရပ်ဆိုင်ထားရဆဲဖြစ်ကြောင်း သိရှိရသည်။

ပဋိပက္ခကြောင့် မောင်တောမြို့နယ်တွင် အိမ်ခြေ(၄၇၄)လုံးမီးလောင်ပျက်စီးခဲ့ပြီး စာသင်ကျောင်း (၃)ကျောင်းနှင့် လူဦးရေ(၂၀)ဦးအသက်ဆုံးပါးခဲ့ရကာ (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း စုဆောင်းရေးဆပ်ကော်မတီထံက သိရသည်။


မောင်တောဒေသတွင် မီးလောင်ပျက်စီးသွားသည့် အဆောက်အဦးများအတွက်နိုင်ငံတော်မှ တန်ဖိုး၂၈သိန်း၎သောင်းတန် အိမ်များဆောက်လုပ်ပေးနေကြောင်းကိုလည်း သိရှိရသည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment