Pages

Monday, July 30, 2012

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်





ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး


ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားသည် ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ 


သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။ 



ကွင်တားနားသည် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးဟောင်းတွင် ယနေ့ မွန်းလွဲပိုင်းက


 ပြုလုပ်နေသည့် ရခိုင် ပြည်နယ်အရေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်နေပြီး


 ထိုသတင်း စာရှင်းလင်းပွဲ၌ သတင်းထောက်များ တွေ့ဆုံစဉ် အင်းစိန်ထောင်သို့ သွားရောက်ခဲ့ခြင်း


 အကြောင်းကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 


အင်းစိန်အကျဉ်းထောင်၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားအချို့နှင့်



 တွေ့ဆုံခဲ့သည်ဟု ကွင်တားနားက ပြောပါသည်။ 


ကွင်တားနားအနေဖြင့် ယခုလာရောက်သည့် မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ



 သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက်


 ကျောင်းသားများ အဖွဲ့၊ အခြားသော နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊အခြား နိုင်ငံရေး အဖွဲ့အစည်းများနှင့်


 တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရပါသည်။ 


နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ များနှင့် တွေ့ဆုံရန်အတွက် တောင်းဆိုမှု ပြုလုပ်ထားဆဲ ဖြစ်ပြီး
 အတိ


အကျ သိရှိရခြင်း မရှိသေးကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တော


မြို့များသို့ သွားရောက်မည်ဟု ကွင်တားနားက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ 


ယနေ့ ညနေပိုင်းတွင်မူ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ပါသည်။



ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကွင်တားနား၏ ခရီးစဉ်သည် ငါးရက်



 ကြာမြင့်မည် ဖြစ်ပြီး ခရီးစဉ်အပြီး၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါသည်။




Eleven Media:



0 comments:

Post a Comment