Pages

Monday, July 30, 2012

အိန္ဒိယနိုင်ငံ အန်ဒါဟာရာ ပရာဒက်ရှ် ပြည်နယ်တွင် ခုတ်မောင်းနေသော ရထား မီးလောင်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး

(မီးလောင်မှုဖြစ်ပွားသည့် ရထားအတွင်းမှ ခရီးသည်များအား ကယ်တင်နိုင်ရန် ဆောင်ရွက်စဉ်)

အိန္ဒိယနိုင်ငံတွင် ရထားတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ လူပေါင်း (၂၅)ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။


အန်ဒါဟာရာ ပရာဒက်ရှ် ပြည်နယ်တွင် ခုတ်မောင်းနေသော ရထားသည် မီးလောင်မှု ဖြစ်ပွားကာ အသေ
အပျောက် ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲများက ဆိုသည်။ တမီလ်နာဒူ ကုမ္ပဏီက ပိုင်ဆိုင်သော အဆိုပါ ရထား
သည် ဒေလီမှ ချန်နိုင်သို့ ဦးတည် ခုတ်မောင်းလာစဉ် တနင်္လာနေ့က မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိအချိန်တွင် မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ရထားတွဲအတွင်း လိုက်ပါလာသူ ခရီးသည် အရေအတွက်မှာ (၇၂)ဦးထိ ရှိနိုင်ပြီး ယခုထက်လည်း သေနှုန်း မြင့်မားလာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

(မီးလောင်မှုဖြစ်ပွားအပြီး မြင်တွေ့ရသည့် ရထား)
နယ်လိုရီ ဘူတာကို ရထားဖြတ်သန်းစဉ် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ အန်ဒါဟာရာ ပရာဒက်ရှ် ပြည်နယ်၏ မြို့တော်ဖြစ်သော ဟိုင်ဒရာဘတ်ဒ်နှင့် ကီလိုမီတာ (၅၀၀)ကွာဝေးသော ဘူတာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုသည် လျှပ်စီးပတ်လမ်း ပြဿနာ တစ်ခုခုကြောင့်ဟု ကနဦး သုံးသပ်ထားသည်။

အနည်းဆုံး လူ(၂၂)ဦး ဒဏ်ရာများ ရရှိခဲ့ပြီး ဒေသခံ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်း BBC သတင်းဌာနက ဆိုသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ရထားတွဲသည် အခွံသာ ကျန်သည်အထိ လောင်ကျွမ်းခဲ့ပြီး အတွင်းသို့ ဝင်ရောက်ရန်အတွက် ကယ်ဆယ်ရေး အဖွဲ့က အထူးကိရိယာများ အသုံးပြုခဲ့ရသည်။

အိန္ဒိယတွင် မီးရထားနှင့် ပတ်သက်သည့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အဓိကအားဖြင့် နည်းပညာပိုင်း အားနည်းမှုများနှင့် ဆက်စပ်နေလေ့ ရှိသည်။ အိန္ဒိယတွင် ခရီးသည်တင် ရထားပေါင်း အစင်း(၉၀၀၀)ကျော်ရှိပြီး နေ့စဉ် လူပေါင်း (၁၈)သန်းကို တင်ဆောင် ပြေးဆွဲနေလေ့ရှိကြောင်း သိရှိရသည်။

 BBC,Planet Myanmar Media

0 comments:

Post a Comment