မင်္ဂလာဒုံစက်မှုဇုန်ရှိ ADk အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ပယ်ခြင်းခံရသောအလုပ်သမား ၉ဦးအနက် ၇
သိရသည်။
ထိုသို့ အလုပ် ထုတ်ပယ်ခံခဲ့ရသည့်ဇွန်လဆန်းကတည်းက အလုပ်သမားတို့ မှ မြို့နယ်ဖြန်ဖြေရေး အဖွဲ့ သို့
တိုင်ကြားခဲ့ရာ သက်ဆိုင်ရာမြို့ နယ်အဆင့်တွင် ဖြေရှင်းပြေလည်မှုမရရှိခဲ့သဖြင့်တိုင်းအဆင့်ခုံသမာဓိအဖွဲ့မှ
ဆက်၍ဖြေရှင်းခဲ့သည်။ထိုမှတဆင့် ဗဟို ခုံသမာဓိကောင်စီမှ ဆက်လက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
ထို အမှုကို ဇူလိုင် ၂၈ ရက်နေ့ တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေ ၃နာရီခန့် တွင်ယခု
ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
ခုံသမာဓိကောင်စီ၏ဆုံးဖြစ်ချက်အရ အလုပ်ပြန်လည်ရရှိသည့် အလုပ်သမား ရ ဦးမှာ အခြေခံစက်ချုပ်
လုပ်သားများဖြစ်ကြပြီး အမျိုးသမီး ၅ ဦးပါဝင်ကြောင်းသိရသည်။
လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်မရသူနှစ်ဦးမှာ ယခင်၂ နစ်ကျော်ကတည်းက လုပ်ငန်းခွင်စည်းကမ်း
ချိုးဖောက်မှုအချို့ကြောင့် ၀န်ခံကတိလက်မှတ်ရေးထိုးထားသူတို့ ဖြစ်သည်ဟုသိရသည်။
ပြည်ဖြိုး(Popular Myanmar Media)
0 comments:
Post a Comment