Pages

Monday, July 30, 2012

ထိုင်းသို့စေလွှတ်ရန် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများသို့ ပထမအကြိမ် တင်ဒါခေါ်ယူ



ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့်အလုပ်သမားဈေးကွက်ဖြစ်ပေါ်နေချိန်တွင် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ  ပို့ဆောင်ရန် အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများသို့ ဇူလိုင်လ(၂၉) ရက်နေ့မှစ၍ အလုပ် သမားဝန်ကြီးဌာန၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှပထမဦးဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ကြောင်း
 သိရှိ ရသည်။



တင်ဒါလာရောက် လျှောက်ထားသော ကုမ္ပဏီ (၅၁)ခုရှိရာ အဆိုပါကုမ္ပဏီများထဲမှ(၂၁)ခုသာ ရွေးချယ်မည် ဖြစ်ပြီး သြဂုတ်လ(၁၀)ရက်နေ့တွင်အမည်စာရင်းအား ကြေညာမည်ဖြစ်ကြောင်း သိရသည်။

“အဓိကရည်ရွယ်ချက်က မှန်ကန်တဲ့ လုပ်ငန်းခွင်ရောက်ဖို့ကုန်ကျစရိတ်သက်သာဖို့ ဟိုဘက်ရောက်လို့ အလုပ် ရှင်၊အလုပ်သမားကိစ္စများရှိလာရင်လည်း အမှန်တကယ်ဖြေရှင်းနိုင်မယ့်အေဂျင်စီမျိုးကို လိုချင်
ပါတယ်။ အေဂျင်စီတွေ အနေနဲ့လည်း တကယ်လုပ်နိုင်မှလုပ်စေချင်ပါတယ်။” ဟု အလုပ်သမားဝန်ကြီး
ဌာနအလုပ် ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှတ်ပုံတင်အရာရှိချုပ် ဦးမျိုးအောင်က ပြောသည်။

အေဂျင်စီ (Agency) အချို့များက နယ်စပ်၌ ရုံးဖွင့်ထားသော်လည်းတရားမဝင်အလုပ်သမား စေလွှတ်
မှုများရှိနေဟု၎င်းက ဆက်ပြောသည်။အေဂျင်စီများအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံများတွင်
အေဂျင်စီလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင် ရန်လိုအပ်လျက်ရှိပြီး၊ အလုပ်သမားဘက်မှ ဖြေရှင်းပေးနိုင်သောအေဂျင်စီများဖြစ်စေလိုကြောင်းကိုလည်း     ၄င်းက ပြောကြားခဲ့သေးသည်။

 “ထိုင်းနိုင်ငံမှာ ပြည်နယ် (၇၆)ပြည်နယ်ရှိတယ်။ ကိုယ်ကဘယ်လောက်ထိလုပ်နိုင်တယ်။ ထိုင်းအာဏာ ပိုင်တွေနဲ့ ဘယ်လောက်ရင်းနှီးမှုရှိလဲ။ ဒါတွေ စဉ်းစားရမယ်။” ဟု ၄င်းက ဆက်ပြောသည်။

အေဂျင်စီများနေနှင့် ယခုအချိန်တွင် ထိုင်းနိုင်ငံဈေးကွက်ဖြစ်နေသည့်အတွက်တင်ဒါခေါ်
ယူခြင်းကိုစိတ်ဝင်
စားနေကြောင်း   မြင်တွေ့ရသည်။ ယခင်ကအခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြား
သော် လည်းယခုတွင်ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူပို၍များပြားလာကြောင်း အေဂျင်စီကုမ္ပဏီ ပိုင်ရှင်များထံမှ သိရသည်။

 “အခုက ယိုးဒယားမားကတ်ဖြစ်နေတယ်လေ။ အရင်တုန်းကတော့ စင်္ကာပူ မလေးရှားနဲ့အရှေ့အလယ်ပိုင်း ဒေသတွေက ပို့တယ်။ ယိုးဒယားမားကတ်ဖြစ်တော့ ဒီဘက်ကို စုပုံအလုပ်လုပ်ဖို့ ပို့လာတဲ့သဘောပါ။” Mono horizon မှ မန်နေးဂျင်း ဒါရိုက်တာကိုချားမျိုးသန်းက ပြောသည်။


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment