Pages

Wednesday, June 20, 2012

တိုင်းရင်းသားစာပေအား မူလတန်းအောက်ဆင့်များတွင် သင်ကြားပေးတော့မည်ဖြစ်သဖြင့် ကချင်စာပေအဖွဲ့မှ ကျောင်းစာသင်ရိုးညွန်းတန်းများအား ကချင်ဘာသာသို့ ဘာသာပြန်နေကြပြီ

တိုင်းရင်းသားစာပေအား မူလတန်းအောက်ဆင့်များတွင် သင်ကြားပေးတော့မည်ဖြစ်သဖြင့် ကချင်စာပေအဖွဲ့မှ  ကျောင်းစာသင်ရိုးညွန်းတန်းများအား ကချင်ဘာသာသို့ ဘာသာပြန်နေကြပြီ



ဇွန်လ (၁၆)ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ကချင်ဘာသာထည့်သွင်းရန် ကျန်ရှိနေကြောင်းကိုလည်း တွေ့ရှိရသည်။

“ကချင်တွေက ဘာမှ ပြဿနာမရှိလို့ သတင်းစာမှာ မထည့်ထားတာနေမှာ။ သူတို့ပေးထားတဲ့ ကျောင်းသုံး စာကို ကျွန်မတို့က ကချင်လို ဘာသာပြန်နေပါပြီ။ သတင်းစာက ထည့်ရေးဖို့ ကျန်သွားလို့ပါ။”ဟု တိုင်းရင်း သားဘာသာ သင်ကြားရေး အစည်းအဝေးတက်ရောက်ခဲ့သည့် ဒဿနိကဗေဒဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ Kရွယ်ဂျာက ပြောသည်။


အဆိုပါအစည်းအဝေးတွင် တက္ကသိုလ်ကချင်စာပေအဖွဲ့မှ ကိုယ်စားလှယ် (မြန်မာစာဌာနက နည်းပြ) ဆရာမ ဒေါ်ဆိုင်းမိုင်နှင့် ဒဿနိကဗေဒဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ Kရွယ်ဂျာတို့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင်တိုင်းရင်းသားဘက်က မည်သူမျှ မတက်ရောက်ခဲ့ကြောင်းကိုလည်း အစည်း အဝေးတတ်ရောက်သူများထံက သိရှိရသည်။

တိုင်းရင်းသားဘာသာကို ကျောင်းတက်ချိန် ပြင်ပတွင် သင်ကြားပေးမည်ဖြစ်ပြီး တိုင်းရင်းသားများသည် အများအားဖြင့်   မြန်မာစာ၊ မြန်မာစကားအား နားမလည်သဖြင့် စာသင်ပြရန် ခက်ခဲနေခြင်းအား ဖြေရှင်းရန် အတွက်ဖြစ်ကြောင်း သိရသည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment