Pages

Wednesday, June 20, 2012

စစ်တွေမြို့ငြိမ်းချမ်းရေး မြို့နယ်သံဃာထု က သမ္မတထံ တင်ပြ


စစ်တွေမြို့ပေါ်မှာနေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာ တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင် နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရ အဖွဲ့နဲ့ နိုင်ငံတော်သမ္မထံ ဇွန်လ(၁၉) ရက်နေ့စွဲနဲ့
တင်ပြ တောင်းဆိုလိုက်ကြ ပါတယ်။

ဆရာတော်တွေရဲ့တောင်းဆိုချက်တွေထဲမှာ- ဘင်္ဂါလီလူမျိုးတွေကို စစ်တွေမြို့ကနေ အလှမ်းဝေးတဲ့ နေရာ တစ်နေရာမှာ သီးခြားနေထိုင်ခွင့် ချထား ပေးဖို့ ၊ ရခိုင်နှင့် ဘင်္ဂါလီတွေကြားမှာ တပ်မတော် တပ်ရင်းများ (ဒါမှမဟုတ်) ခိုင်မာ စိတ်ချရတဲ့ လုံခြုံရေး အပြည့်အဝထားရှိပေးဖို့ နဲ့ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်နေထိုင်ကြ တဲ့ ဘင်္ဂါလီ တွေကို စစ်ဆေးပြီး
နိုင်ငံသားစိစစ်ရေးကဒ် လက်ဝယ်မရှိသူတွေကို ရခိုင်ပြည်နယ်အတွင်းမှ ဖယ်ရှားပေးဖို့ စတဲ့ အချက်တွေ ပါရှိပါတယ်။

စစ်တွေမြို့ပေါ်မှာ ရခိုင်လူမျိုးတွေနဲ့ တခြားမြန်မာတိုင်းရင်းသားတွေ အတူနေထိုင်လာခဲ့ကြ ပေမဲ့၊ ဘယ်တုန်း ကမှ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားခဲ့ဘဲ၊ ဘင်္ဂါလီတွေနဲ့သာ အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့ ရကြောင်း၊ အဲဒီလိုဖြစ်ပွားခဲ့ခြင်းကြောင့် တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနစ်နာခဲ့ရတာ အလွန့်အလွန်များပြား ခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေခဲ့ကြောင်းလည်း
ဖော်ပြထား ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေ အကြားပြီးခဲ့တဲ့ (၂၅)နှစ်အတွင်း ၁၉၉၆၊ ၁၉၉၈၊ ၂ဝဝ၁ နဲ့ အခု 

၂ဝ၁၂ ခုနှစ်တွေမှာ လူမျိုးရေးအဓိကရုဏ်း (၄) ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်ဟာ ၁၉၄၂ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့လည်းဖော်ပြထားပါတယ်။ဒီသတင်း ကို စစ်တွေအခြေစိုက် RFA သတင်းထောက် မင်းသိန်းအောင်
ပေးပို့ခဲ့တာပါ။



RFA (Burmese)

0 comments:

Post a Comment

 
world time