Pages

Wednesday, June 20, 2012

ဘင်္ဂါလီများနှင့် နီးစပ်ရာရပ်ကွက်များအတွက် သီးသန့်လုံခြုံရေးလိုအပ်နေဟုဒေသခံများဆို

ဘင်္ဂါလီများနှင့် နီးစပ်ရာရပ်ကွက်များအတွက် သီးသန့်လုံခြုံရေးလိုအပ်နေဟုဒေသခံများဆို


 











   

စစ်တွေမြို့အတွင်း ဘင်္ဂင်္ါလီများနှင့်နီးစပ်နေသောရပ်ကွက်များတွင် လုံခြုံရေးဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း ဘင်္ဂါလီများနေ ထိုင် ရာရပ်ကွက်နှင့်နီးစပ်နေသော မင်းဂံရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံက သိရှိရသည်။

 

မင်းဂံရပ်ကွက်သည် စစ်တွေမြို့၏ အကြီးဆုံးရပ်ကွက်ကြီးတစ်ခုဖြစ်သလို ဘင်္ဂါလီကျေးရွာများ ပတ်လည်ဝိုင်းရံထားသော ရပ်ကွက် တစ်ခုဖြစ်သဖြင့် ယခုလို လုံခြုံရေးလိုအပ်ချက်ရှိနေခြင်းဖြစ်သည်။
 

မင်းဂံရပ်ကွက်သည် ဘင်္ဂင်္ါလီများနှင့် ထိုက်တိုက်တွေ့ဆုံခဲ့သည့်ရပ်ကွက် တစ်ခုဖြစ်ပြီး ဆူပူအကြမ်းဖက်မှုအတွင်း အသေအပျောက် များ ရှိခဲ့သော ရပ်ကွက်တစ်ခုလည်းဖြစ်သည်။
 

“ မြစ်ကမ်းတစ်လျှောက်တော့ မီးချောင်းတွေ တပ်ထားပါတယ်၊ ပြီးတော့ ဆလိုက်မီးတွေလဲ တပ်ဆင်ထားပါတယ် ၊  မြစ်ကြောင်းက အချိန်မရွေး တက်လာနိုင်တော့ ဒါကိုကျွန်တော်တို့ ကာကွယ်တဲ့ အနေနဲ့ကင်းတွေကို အခုလိုချထားရတာပါ၊’’ဟု မြို့သူကြီးရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
<span style="\"font-family:"Zawgyi-One","sans-serif";mso-fareast-font-family:" "times="" new="" roman"\"="">
“အခြေအနေက တည်ငြိမ်သွားပါပြီ၊ ဒါပေမယ့် ဒေသခံကလဲ စိုးရိမ်မှုတွေရှိနေတဲ့အတွက် မင်းဂံရပ်ကွက်ရထား လမ်းပေါ်မှာလဲ ချထား ပါတယ်၊ နောက် စစ်တွေ ပင်လယ်ကမ်းခြေ ၊ ရှုခင်းသာလမ်း၊နဲ့ ရပ်ကွက်တွေမှာလဲချထားပါတယ်၊ ညနေဆိုရင် စစ်တပ်ကလည်း   ကင်းချထားပါတယ်” ဟု အမည်မဖော်လိုသည် ရဲအရာရှိတစ်ဦးက ဆိုသည်။

 
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ) 
မြစ်မခသတင်းမီဒီယာ


0 comments:

Post a Comment