Pages

Wednesday, June 20, 2012

ဆော်ဒီအိမ်ရှေ့စံမင်းသား မင်းသား နာရက်ဖ် ဘင် အက်ဘ်ဒူလာရစ်ဇ် ကွယ်လွန်


         ဆော်ဒီအိမ်ရှေ့စံမင်းသား မင်းသား နာရက်ဖ် ဘင် အက်ဘ်ဒူလာရစ်ဇ် ကွယ်လွန်


ဆော်ဒီအိမ်ရှေ့စံမင်းသား ကွယ်လွန်


















































ဆော်ဒီအာရေဗျ တော်ဝင် မိသားစုသည် ကွယ်လွန်သွားပြီဖြစ်သော အိမ်ရှေ့စံမင်းသား၏ ရုပ်အလောင်းကို ဘာသာရေးအရ မြင့်မြတ်သော မက္ကာမြို့တော်တွင် အခမ်းအနားဖြင့် မြှုပ်နှံခဲ့ကြောင်း သိရှိရသည်။ ဘုရင်မင်းမြတ် အက်ဘ်ဒူလာရစ်ဇ်၏ သားတော်များ စုရုံးကာ ဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထီးမွေခံ မင်းသားတစ်ပါးကို (၈)လအတွင်း ဒုတိယအကြိမ်မြောက် လက်လွှတ်ရသည့် ဖြစ်ရပ်အား ၀မ်းနည်းစွာ ကြည့်ရှုနေခဲ့ရသည်။ 


သက်တော် (၈၈)နှစ် ရှိပြီဖြစ်သော ဘုရင်ကြီးသည် ကြေကွဲနေသည့် မျက်နှာမျိုးဖြင့် စိတ်ပျက်ပူဆွေးနေသည်ကို တွေ့မြင်ရသည်။ ဘုရင်ကြီးသည် သားတော်ကြီးများအနက် မင်းသားနှစ်ပါးကို အိမ်ရှေ့စံ ရာထူးတွင် သတ်မှတ်ကာ ၎င်း၏ အရိုက်အရာကို ဆက်ခံရန် လျာထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဘုရင် အက်ဘ်ဒူလာရစ်ဇ်တွင် သားတော်များ ဒါဇင်နှင့်ချီ ကျန်နေသေးပြီး အငယ်ဆုံး သားတော်မှာ သက်တော် (၆၆)နှစ်မျှ ရှိနေပြီဟု သိရသည်။


 ကွယ်လွန်သူ မင်းသား နာရက်ဖ် ဘင် အက်ဘ်ဒူလာရစ်ဇ်သည် ဆော်ဒီတွင် ပြည်ထဲရေး ၀န်ကြီးရာထူးကို ဆယ်စုနှစ် (၄)ခုကြာမျှ ရယူထားသူ ဖြစ်သည်။ 

ကမ္ဘာပေါ်တွင် ရေနံတင်ပို့ ရောင်းချမှု အများပြားဆုံးဖြစ်သည့် ချမ်းသာကြွယ်ဝသော နိုင်ငံသည် ယခုအခါ နောက်ထပ် အိမ်ရှေ့ မင်းသားသစ် တစ်ပါးကို လိုအပ်လာပြီ ဖြစ်သည်။ ယခုအခါ ဘုရင်ကြီး၏ ဖအေတူ မအေကွဲ ညီတော်လည်းဖြစ်၊ လက်ရှိ ကာကွယ်ရေး ၀န်ကြီးလည်းဖြစ်သည့် သက်တော် (၇၆)နှစ်အရွယ် မင်းသား ဆယ်လ်မန် ဘင် အက်ဘ်ဒူလာရစ်ဇ်သည် လာမည့်လတွင် ကြေညာမည့် အိမ်ရှေ့မင်းသား ရာထူးအတွက် အလားအလာ အကောင်းဆုံးအဖြစ် ခန့်မှန်းခြင်း ခံနေရသည်။
 
တော်ဝင် မိသားစုကမူ ယင်းနှင့် ပတ်သက်၍ မည်သို့မျှ မပြောကြားသေးဘဲ ဆော့ဒ် အိမ်တော်အနေဖြင့် အိမ်ရှေ့မင်းသား ကင်းမဲ့နေချိန်တွင် ဘုရင့်နိုင်ငံတော်၏ ပြည်တွင်းနှင့် ပြည်ပရေးရာ မူဝါဒများ ယိမ်းယိုင်မသွားအောင် ထိန်းညှိကာကွယ်ရန် လုပ်ဆောင်သွားမည်ဟုသာ ပြောဆိုထားသည်။ 

Source: The Wall Street Journal

0 comments:

Post a Comment