Pages

Wednesday, June 20, 2012

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ပြေး ဒုက္ခသည်စခန်းများတွင် ဆေးဝါး အခက်အခဲ ရှိနေ


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ပြေး ဒုက္ခသည်စခန်းများတွင် ဆေးဝါး အခက်အခဲ ရှိနေ





ရန်ကုန် (မဇ္ဈိမ) ။       ။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ပြေး ဒုက္ခသည်စခန်းများတွင် ဆေးဝါး အခက်အခဲ ရှိနေကြောင်း ဝိုင်းမော် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထောလွမ်း ၏ ပြောပြချက်အရ သိရသည်။

“အလှူရှင်တွေကလည်း လှူတော့ လှူနေကြပါတယ်။ ဒါပေမယ့် လူဦးရေက များတော့ ဆေးဝါးတော့ လိုအပ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဝိုင်းမော်မြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၃၅ ခု ရှိပြီး ဒုက္ခသည်ဦးရေ သုံးသောင်းကျော် ရှိသည်။


ထိုစခန်းများတွင် ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များနေပြီး ၎င်းရောဂါများအတွက် ဆေးဝါး လိုအပ်နေခြင်းဖြစ်သည်။ အစားအသောက်များကို ကုလသမဂ္ဂ၏ WFP မှ ကူညီပေးနေသည်။

“မြို့ပေါ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေအတွက် အကူအညီပေးရတာ အခက်အခဲ မရှိပေမယ့် တောင်ပေါ်မှာရှိတဲ့ ရှင်းကျိုင် ဒုက္ခသည်စခန်းကိုတော့ လက်လှမ်းမမီဘူး။ သွားလာရတာ အခက်အခဲရှိနေတယ်” ဟု ဒေသခံတဦးဖြစ်သည့် ဦးလွန်းက ပြောသည်။

ဝိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စခန်းများကို ဘာသာရေး အသင်းအဖွဲ့အသီးသီး၏ ခြံဝင်းများထဲတွင် ဖွင့်လှစ်ထားခြင်း
ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)နှင့် NGO အဖွဲ့အစည်းများက အစားအသောက်၊ အဝတ်အထည်များနှင့် ဆေးဝါးများ လှူဒါန်းနေကြောင်း သိရသည်။


ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment