Pages

Thursday, September 20, 2012

တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဆန်းသစ်ရန်လိုဟုပြောလာသည့် ရဲလေး

တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဆန်းသစ်ရန်လိုဟုပြောလာသည့် ရဲလေး

တစ်ကိုယ်တော်ဖျော်ဖြေပွဲ သုံးကြိမ်ပြုလုပ်ပြီးဖြစ်သည့် ဟစ်ဟော့ပ်အဆိုတော် ရဲလေးက အဆိုတော်တစ်ဦး
အတွက်သမားရိုးကျတင်ဆက်မှုမျိုးမှကွဲထွက်သောတစ်ကိုတော်ဖျော်ဖြေပွဲများကို ပြုလုပ်သင့်ကြောင်း 7Day News သို့ပြောသည်။ 
"ကျွန်တော် အမြဲတမ်းပြောလေ့ရှိတာက အဆိုတော်ရယ်လို့ဖြစ်လာရင် တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ လုပ်
ကြပါ။ Mini ပဲဖြစ်ဖြစ်၊ Big ပဲဖြစ်ဖြစ် တစ်ကိုယ်တော်ပွဲမျိုးစုံလုပ်ကြပါ။တစ်ကိုယ်တော်ဆိုတာလည်း အဖွဲ့သား
သုံးလေးဆယ်မရှိဘဲထလုပ်လို့မရပါဘူး။ပရိသတ်ကလည်း သူတို့အထင်ကြီးတဲ့လူလောက်ပဲ တစ်ကိုယ်တော်
ကို အားပေးတာဆိုတော့ ကျွန်တော်တို့တောင် ကိုယ့်အချင်းချင်းကြားမှာ ဖြစ်ပါတယ်။ 
 
ကျွန်တော်တို့ရင်ထဲကို လှုပ်ခတ်သွားအောင် မလုပ်နိုင်ရင်တော့ လက်ခုပ်တီးမှာ မဟုတ်ပါဘူး။ သမားရိုးကျ
ထဲက ခွဲထွက်တဲ့ ၀မ်းမန်းရှိုးတွေ၊ ၀မ်းလေဒီရှိုးတွေ၊ ၀မ်းဂရုရှိုးတွေ ပေါ်ပေါက်လာစေချင်တယ်" ဟု ရဲလေး
ကပြောသည်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်ရန်မှာ ပရိသတ်၏ လက်ခံအားပေးမှုနှင့် အထင်ကြီးမှုလည်း လိုအပ်နေပြီး နိုင်ငံတကာတွင်မူ မိမိတို့ဂီတအမျိုးအစားအလိုက် အသေးစား တစ်ကိုယ်တော်ဖျော်ဖြေပွဲများ
 ပြုလုပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုတော်အများစုဖြင့် ပြုလုပ်သော ရှိုးပွဲများမှာ ခေါက်ရိုးကျိုး
aနပြီဖြစ်သောကြောင့် အချိန်တိုအတွင်း ပြင်ဆင်ရန်မလွယ်ကူကြောင်း ၎င်းကပြောသည်။ 
 
အဆိုတော်ရဲလေးသည် မကြာသေးမီက ပြန်လည်ရွေးကောက်ဖွဲ့စည်းလိုက်သည့် ဂီတအစည်းအရုံး အမှု
aဆာင်အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး ပရိသတ်အားပေးမှု ရရှိထားသည့် လူငယ်အဆိုတော်တစ်ဦးအ
aနဖြင့် အသင်းအဖွဲ့တွင် ပါဝင်လုပ်ကိုင်ရန် အဖွဲ့ဝင်များနှင့် ညှိနှိုင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်
။ "အခုအမှုဆောင်သစ်ထဲမှာဆိုမိသားစုစားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေကလည်း
 ဖြစ်တယ်။ 
 
ဒီဘက်ကလည်း တစ်ဖက်ဆိုတော့ ပိုကြိုးစားပြီး စိတ်နှစ်ပြီးတော့ လုပ်ရမယ့်သဘောရှိနေတယ်။ ကျွန်တော်
တို့လူငယ်တွေအကုန်လုံး ကြိုးစားပြီးတော့ လုပ်ကြမှာပါ။ အနစ်နာခံရမယ်၊ အတွေ့အကြုံတွေ အများကြီးရ
မယ်။ ဒါကြောင့် စိန်ခေါ်မှုအသစ် တစ်ခုအနေနဲ့ လက်ခံထားတာပါ" ဟု အဖွဲ့အစည်းပေါ်ထားသည့် သဘော
ထားကိုပြောသည်။ 
 
ရဲလေးသည် တစ်ကိုယ်တော်စီးရီး ငါးခွေထွက်ရှိထားပြီး နောက်ဆုံးထွက်ရှိထားသော 'တတိယကာရန်' စီးရီး
မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ခြောက်ခွေမြောက် 'ရကောက်ဘ၀ဖြင့် နေထိုင်ခြင်း' စီးရီးကို ယခုနှစ်ကုန်တွင် ထွက်ရှိရန် စီစဉ်နေကြောင်းသိရသည်။ "ဒီခွေနဲ့ပတ်သက်တဲ့ သတင်းကိုတော့ ခွေထွက်ခါနီး သတင်းစာရှင်း
လင်းပွဲကျမှပဲ အသေးစိတ်ပြောချင်ပါတယ်။ ခုတော့ အရမ်းစောပါသေးတယ်" ဟု ရဲလေးကပြောသည်။


7day News:

0 comments:

Post a Comment