Pages

Thursday, September 20, 2012

မက္ကစီကိုတွင် ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၂၆ ဦးသေဆုံး


မက္ကစီကို နိုင်ငံတွင် ဓာတ်ငွေ့စက်ရုံတစ်ခု ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၆)ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
နိုင်ငံမြောက်ပိုင်း တာမော်လီပက်စ်တွင် ပေါက်ကွဲမှု တစ်ခု၏ နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာသော မီးလောင်မှုအတွင်း မီးသည် လျင်မြန်စွာ ကူးစက် လောင်ကျွမ်းခဲ့ကြောင်း မက္ကစီကို အစိုးရပိုင် Pemex ရေနံ
ကုမ္ပဏီက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် နယ်စပ်အနီးတွင် တည်ရှိသော ရီနိုဆာမြို့ပြင်ရှိ ၎င်းတို့၏ လောင်စာစက်ရုံ ပေါက်ကွဲရသည့် အကြောင်းရင်းကို ကုမ္ပဏီက စုံစမ်းနေဆဲဟု ဆိုသည်။ လက်ရှိတွင်မူ မီးကို အပြီးသတ် ငြှိမ်းလိုက်နိုင်ပြီဟုမူ သိရှိရသည်။


Planet Myanmar Media:

0 comments:

Post a Comment