Pages

Thursday, September 20, 2012

""ဘင်္ဂလီတစ်ဦး၏ သွေးဆောင်ဖျားယောင်မှုကို ခံရသော မန္တလေးသူ"



မန္တလေးမြို့ ဇာတိဖြစ်သော ညီအစ်မနှစ် ယောက်မလွင်လွင်ထွေးနှင့် (အမည် မဖေါ်လိုပါ -လုံခြုံရေးအရ)တို့
မဲဆောက်ဈေး၌  ဈေးရောင်းနေရာကနေ စက်တင်ဘာလ (၁၃) ရက်နေ့က ယင်းညီအစ်မနှစ်ယောက်မှာ
ကားများ၍ ညီမဖြစ်သူ မလွင်လွင်ထွေးက အပြင်ထွက်သွားပြီး ဘင်္ဂလီတစ်ဦးဖြစ်သူ  စူဖူးက သွေးဆောင်ဖျား
ယောင်းပြီး လိမ်လည်ခေါ်ယူ၍ သားမယားအဖြစ်ပြုကျင့် လိုက်ကြောင်း သိရသည်။
“ ကျမတို့ညီအစ်မနှစ်ယောက်က မဲဆောက်ဈေးမှာ ဈေးရောင်းပြီးနေကြတာပါ။ ကျမတို့မှာ ဒီနေရာမှာ မိဘ
တွေလည်းမရှိပါဘူး။ညီအစ်မနှစ်ယောက်တည်းနေကြတာ။အဲဒီနေ့က၁၃ ရက်ပေါ့နော် ကျမတို့ ညီအစ်မှနှစ်
ယောက်စကားများကြတယ်။ညီမကတော့စိတ်ဆိုးလို့အပြင်ထွက်သွားပါတယ်။ကျမထင်တာက အိမ်ကိုသွား
တယ်လို့ ထင်ခဲ့တာ။

ညနေရောက်တော့အိမ်ကိုလည်းမရောက်ဘူး။ကျမလည်းလန့်သွားတာပဲ။ သေချာစုံစမ်းလိုက်မှအဲဒီကုလား
စူဖူးဆီမှာ ဖြစ်နေတယ်။ကျမအရမ်းစိုးရိမ်ပါတယ်။သူတို့ကဘင်္ဂလီကုလားဆိုတော့ကျမညီမကိုသတ်ပစ်လိုက်
မှာကို ကြောက်တယ်။အဲဒီဘင်္ဂလီတွေမှာလူတစ်ယောက်ကို သတ်ဖို့သိပ်ဝန်လေးတာမဟုတ်ဘူး။

 နောက်ပြီးတော့ သူမှာက မယားကြီးရှိတယ်။ ကျမညီမကို မယားငယ်အဖြစ်ယူပြီး  နှိပ်စက်မှာ ကျမအမတစ်
ယောက်အနေနဲ့ အရမ်းစိုးရိမ်ပါတယ်။ ကျမတို့ကို ကူညီပေးကြပါ။ ကျမတို့ညီအစ်မနှစ်ယောက် ပြန်လည်ဆုံ
စည်းဖို့ လုပ်ပေးကြပါ။ ” ဟု အစ်မဖြစ်သူက(အမည်မဖေါ်လိုပါ) ပြောသည်။

သွေးဆောင်ဖျားယောင်းမှုကို ခံရသူ မလွင်လွင်ထွေးညီအစ်မနှစ်ယောက်မှာအဲဒီဘင်္ဂလီ ကုလား စူဖူးနှင့်ရင်း
နှီးကြပြီး ဖြစ်သည့်အတွက် စိတ်ဆိုးသွားတာကို အခွင့်ကောင်းယူ၍ အိမ်ကိုအလည်ခေါ်ကာ သွေးဆောင်ဖျား
ယောင်းပြီး သားမယားအဖြစ် ပြုကျင့် လိုက်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီ စူဖူးမှာ ကျောက်အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းကို လည်း သိရသည်။ စူ
ဖူးမယားကြီးအဖေအမေတွေကအစ်မဖြစ်သူကိုရန်ရှာလာသောကြောင့် ဆွယ်မျိုးရှာ မြဝတီသို့ထွက်ပြေးလာ
ရကြောင်း အစ်မဖြစ်သူက  ပြောသည်။

မလွင်လွင်ထွေးနှင့် ဘင်္ဂလီ စူဖူးတို့မှာ မဲဆောက်ဈေးနားမှာ နေကြသည်ကို သိရပြီး အခုထက်ထိ အဆက်အ
သွယ်မရသောကြောင့် တွေ့သောသူများ  အမြန်ဆုံး ဆက်သွယ်ပေးပါရန် တောင်းဆိုလိုက်ကြောင်း အစ်မ
ဖြစ်သူက  ပြောသွားသည်။

ကိုပဲလေး(ဘလော့)

0 comments:

Post a Comment