Pages

Thursday, September 20, 2012

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌကို အမေရိကန်နိုင်ငံက တားမြစ်စာရင်းက ပယ်ဖျက်

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ အပေါ် ချမှတ်ထားတဲ့ အရေးယူ
ပိတ်ဆို့မှုတွေကို အမေရိကန် ဘဏ္ဍာရေး ဌာနက စက်တင်ဘာလ ၁၉ ရက်နေ့က ပယ်ဖျက်လိုက်ပါတယ်။
တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေမန်းတို့ကိုအထူးတလည် အရေးယူဖို့ သတ်
မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကအာဏာစွန့်လိုက်ပြီးချိန်ကစလို့၁၈လအတွင်း ပြုပြင် ပြောင်းလဲရေးတွေတွန်းအားပေး လုပ်ဆောင်
တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။

ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူချိန်မှာ ဒီဆုံးဖြတ်ချက် ထွက်
ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ သမ္မတ ဦးသိန်း
စိန် နယူးယောက်မြို့ကို လာမယ့် သီတင်းပတ်မှာ ရောက်မလာခင်မှာ အခုလို ပယ်ဖျက်တာပါ။

ဦးသိန်းစိန်ဟာ အမေရိကန် အထက်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိ ပါတယ်။ အခုစာရင်းက ပယ်ဖျက်
လိုက်တဲ့ အမေရိကန်က ချမှတ်တဲ့ အရေးယူ ပိတ်ဆို့မှုဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်
ကို တားမြစ်ထားတာ ဖြစ်ပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment

 
world time