Pages

Thursday, September 20, 2012

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့ရွှေဆိုင်လုယက်မှု မြန်မာလှေလုပ်သားများဟုယူဆ

                           
စက်တင်ဘာ ၁၈
 
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ  ရွှေဆိုင် တစ်ဆိုင်အား ဝင်ရောက် လုယက်သူ များမှာ မြန်မာ အလုပ်သမားများဖြစ်နိုင်ကြောင်း ယမန်နေ့ထု တ် သတင်းစာတို့တွင် ရေးသားဖေါ်ပြထားသည် ။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် လုယက်မှု ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ရှိ ရွှေ အလေးချိန်၁၅၀ ကျပ်သား၊ ထိုင်းဘတ်ငွေ ၄ သန်း နီးပါးရှိကြောင်း သတင်းတွင်ရေးသားထားသည်။  
 
ရွှေဆိုင်တွင်ဝင်ရောက်လုယက်စဉ်အသုံးချသောဆိုင်ကယ်အား လှေလုပ်သားများ၏ အခန်းနံဘေးတွင် တွေ့ ရပြီးအင်္ကျှီအိတ်ကတ်ထဲတွင်ရွှဆွဲကြိုး၁ကျပ်သားတစ်ကုံး၅ကျပ်သားတစ်ကုံးလေသေနတ် တလက် တွေ့ရှိခဲ့
ည်။
 
၁၆ရက်နေ့ကဖူးခက်မြို့လတ်စဒါ ရပ်ကွက်  နယ်မြေ (၇) လမ်းသွယ် (၁၀ ) အနီး တဝိုက် တွင် လိုင်စဉ်အမှတ် ၈၁၀Hondaဆိုင်ကယ်အနီရောင်တစ်စီးကလမ်းကြောင်းလာကြည့်သွားခဲ့ကြောင်း လုံခြုံရေးကယ်မရာများ
တွင် စစ်ဆေးတွေ့ ရှိရသည်။ 
 
 အမှုမှန်ပေါ်ပေါက်ရန်အတွက်နယ်မြေပုလိပ်အယောက်တစ်ရာနီးပါးလိုက်ရှာသော်လည်း လုယက်သူများကို
မဖမ်းဆီးနိုင်ခဲ့ချေ။လုယက်သူများမှာလှဆိပ်ဘက်သို့ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ငါးဖမ်းလှေပေါ်
တွင် အလုပ် လုပ်နေသောမြန်မာ လှေလုပ်သား များဖြစ်နိုင်ကြောင်း တင်မြင်ချက် အမျိုးမျိုးပေးနေကြသည်။ 
 
ထိုင်းလူမျိုးလဲဖစ်နိုင်သည်ပာုသက်ဆိုင်ရာနယ်မြေရဲစခန်းကခေါင်စွတ်၊ ထိုင်းရပ်နှင့်ဒေးလီးနယူးသတင်းစာ
များ သို့ပြောပြခဲ့သည်။
 
 
ရွှေလုပ်သားဂျာနယ်

0 comments:

Post a Comment