Pages

Thursday, June 21, 2012

မြန်မာအစိုးရ နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တိုက်ပွဲဖြစ်


မြန်မာအစိုးရ နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တိုက်ပွဲဖြစ်



SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်တွေ ဒီနေ့မနက်စောစောက မိုင်းရှုးမြို့နယ်အတွင်းမှာ အစိုးရတပ်က ရှမ်းတပ်စခန်းကို တိုက်ခိုက်တာလို့သိရပါတယ်။ 

ဒီနေ့မနက် ၅ နာရီလောက်ကနေ စတင်ပြီးတော့ မိုင်းရှုးမြို့နယ် မိုင်းအောတ်ကျေးရွာအုပ်စု ဟွမ်ဟွေ့လော့ ကျေးရွာအနီးရှိ SSA မြောက်ပိုင်းတပ်တွေရဲ့ ထိမ်းချုပ်နယ်မြေရှိတပ်စခန်းကို အစိုးရတပ်က လာရောက်ပြီး တော့ တိုက်ခိုက်တဲ့အကြောင်း ကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလက ခုလိုပြောပါတယ်။

"ဗျူဟာမှုးကိုယ်တိုင် လာစစ်မယ်ဆိုလို့ ကျနော်တို့ ဆုတ်ပေးလိုက်တယ် နည်းဗျူဟာ ၂ပေါ့ ဒီနေ့မနက်ကျတော့ ဒီနေ့မနက်ကျတော့ ကျနော်တို့ ဆုတ်ခဲ့တဲ့တောင်ကုန်းကို သူတို့တက်ပြီးတော့ တိုက်တာလေ မနက် ၅ နာရီ မိနစ် ၂၀ ကနေ ၉ နာရီခွဲအထိ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်တယ် အကျအဆုံးတော့မသိရသေးဘူး သူတို့ကျနော်တို့တောင်ကုန်းကို အလုံးအရင်းနဲ့တက်တိုက်တော့ ၉ နာရီခွဲအထိတော့ သူတို့တက်လို့မရဘူးလေ။ မရတော့ ဒီနေ့ မိုင်းရှုးဘက်က စစ်ကား ၅ စီးထပ်လာတယ်လေ ဒဏ်ရာရတဲ့လူတွေ လာသည်တယ်ထင်တယ် ကျနော်တို့လဲ လှမ်းမြင်နေရတယ် ဒဏ်ရာရတဲ့လူတွေ"

အစိုးရတပ်ကခလရ ၁၄၉၊ခလရ ၁၅၀ ၊ ခမရ ၅၁၇၊ ၅၁၆ တပ်တွေဖြစ်ပြီး အင်အား ၃၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မနေ့ကလဲ မိုင်းကိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့သလို ဇွန်လ ၁၇ ရက်နေ့ကလဲ နောင်ချိုမြို့နယ်အတွင်းမှာ ဖြစ်ပွါးခဲ့ပါသေးတယ်။ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေရတာလဲလို့ ဆက်လက်မေးမြန်းတဲ့အခါ ဗိုလ်မှုးစိုင်းလက "တိုင်းမှုးနဲ့လဲ ဖုံးနဲ့အဆက်အသွယ်ရပါတယ် သူတို့အပြောအရဆိုရင်ကျနော်တို့ကသူတို့စစ်ရေးလမ်းကြောင်းပေါ်မှာရှိနေလို့ နောက်သူတို့လာတာ ကျနော်တို့က အရင်မိုင်းခွဲပြီးတိုက်လို့ သူတို့လူထိခိုက်ဒဏ်ရာရလို့ ကျနော်တို့ကို အလုံးအရင်းနဲ့ တိုက်တယ်ဆိုတဲ့သဘောမျိုးပေါ့ ဒါပေမဲ့ ကျနော်တို့ သဘောတူညီချက်ထဲမှာ ကျနော်တို့တပ်နား ဖြတ်ရင် သတင်းပို့ပြီးသွားရင် ဘာမှ ပြဿနာမဖြစ်ဖူး အခုက သူတို့လာတာ အလုံးအရင်းနဲ့လာတယ် ပြီးတော့ ကျနော်တို့က မလာဖို့ ကြိုပြီးတော့ အကြောင်းကြားပေမဲ့ သူတို့က အလုံးအရင်းနဲ့လာတယ်ဆိုတော့ တိုက်ပွဲဖြစ်ကြတယ်"

SSPP/SSA နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ရှိပြီလို့သိရပါတယ်။ အခုလို ဆက်လက်တိုက်ပွဲတွေဖြစ်ပွါးနေအုံးမယ်ဆိုရင် နောက်ထပ် ၂ဖက်ဆက်လက်တွေ့ဆုံမှုတွေကို ထိခိုက်သွားနိုင်တယ်လို့ ရှမ်းသတင်းရပ်ကွက်အဆိုအရ သိရပါတယ်။



RFA Burmese

0 comments:

Post a Comment