Pages

Thursday, June 21, 2012

ယာဉ်တန်ဖိုးနှင့် CNGအခက်အခဲကြောင့် ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲလိုသူနည်းပါး

ယာဉ်တန်ဖိုးနှင့် CNGအခက်အခဲကြောင့် ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲလိုသူနည်းပါး


ကားဈေးကွက်အတွင်း ခရီးသည်တင်ယာဉ်ဈေးနူန်းတန်ဖိုးမြင့်တက်နေခြင်းနှင့် စီအမ်ဂျီဓါတ်ငွေ့(CNG) လိုအပ်ချက်များ ရှိနေခြင်းကြောင့် ခရီးသည်တင်ယာဉ်လိုင်းတိုးချဲ့ပြေးဆွဲလိုသူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။


“ကားကြီးတွေက ပြည်ပက ၀ယ်ဈေးတို့၊ သင်္ဘောစောင့်နေရတဲ့အတွက် နေရာစရိတ်တို့၊ သယ်ယူစရိတ်တို့ အခွန်အခလည်းမြင့်တော့ ဒီရောက်တော့ ခရီးသည်တင်ယာဉ်လိုင်းလုပ်မဲ့သူတွေအနေနဲ့ မလုပ်နိုင်တဲ့ ဈေးတွေဖြစ်ကုန်တယ်”ဟု ဆာကူရာအော်တို ကားရောင်းဝယ်ရေးမှ တာဝန်ခံ ကိုဇော်ဇော်အောင်က  ပြောသည်။


ကားဈေးကွက်တွင် ခရီးသည်ယာဉ် City Bus များမှာ ကာလတန်းဖိုး ကျပ်သိန်း (၃၀၀)၀န်းကျင်ရှိပြီး ပြည်ပမှ တင်သွင်းလာသော အဆိုပါကားများမှာ စီအမ်ဂျီအမျိုးအစားဖြစ်ပြီး ဘယ်မောင်းနှင့် ညာမောင်းနှစ်မျိုး စလုံး တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။


“ကားဟောင်းအပ်တဲ့ စလစ်ထက် ကျပ်သိန်း(၂၀၀)လောက် လိုက်ရဦးမယ်ဆိုတော့ မကိုက်သေးလို့ပါ။ ဒါ့ အပြင် အဓိကပြသာနာက ဒီမှာစီအမ်ဂျီ လုံလောက်အောင် မပေးပါဘူး။ အခုသွင်းလာတဲ့ ကားတွေကလည်း CNG ကားတွေဆိုတော့ လိုင်းကားပြေးဆွဲချင် တဲ့သူတွေတောင် CNG ချပေး ဖို့ စောင့်နေရတွေရှိတယ်” ဟု ခရီးသည်တင်ယာဉ်ပြေးဆွဲလုပ်ကိုင်လိုသူ ကိုမြင့်ဇော်က ပြောသည်။

ခရီးသည်တင်ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် ယာဉ်လိုင်းစနစ်များပြောင်းလဲရန်၊ CNG သဘာဝ ဓာတ်ငွေ့လုံလောက်စွာ ထုတ်ပေးနိုင်ရန်၊ ယာဉ်များအား ရပ်တင်ချစနစ်ပြုလုပ်ရန်၊ မြို့လည်ရှိ စီးပွားရေး လုပ်ငန်းများအား ဒေသအသီးသီးသို့ ဖြန့်ထားရန် လိုအပ်သည်ဟု ကားရောင်းဝယ်ရေး လုပ်ကိုင်နေသူများက အကြံပြုပြောဆိုကြသည်။


“ခရီးသည်တင်ကားတွေ တိုးချဲ့မယ်ဆိုရင်တော့ ကောင်းပါတယ်။ အဲ့ဒီလို တိုးချဲ့ပြေးဆွဲနိုင်ဖို့ဆိုတာ ခရီးတင်ယာဉ်လိုင်း လုပ်ကိုင်နိုင် ဖို့အတွက် ကားတွေ ရဲ့တန်ဖိုးဈေးနူန်း၊ အခွန်အခတို့ကို သက်သာအောင်၊ နောက်ဆုံးအသုံး ပြုတဲ့ဆီ၊ သဘာဝဓာတ်ငွေ့တွေကိုလည်း လုံလောက်စွာထုတ်ပေးနိုင်အောင်လုပ်နိုင်ရင်ကားလိုင်းတွေတိုးချဲ့တာအဆင်ပြေနိုင်တယ်”ဟု   မြောက်ဥက္ကလာပမြို့နယ်မှ ကိုနိုင်ထွန်းက ပြောသည်။


ပြည်တွင်းသို့ဝင်ရောက်လာသော Express , City Bus များမှာ ပြည်ပသဘောင်္ဆိပ်များတွင် စောင့်ဆိုင်းခများ၊ ကားသေးများ ထက်နေရာယူရခြင်းနှင့် တန်ဆာခမြင့်မားခြင်း၊ အခွန်အခမြင့်မားခြင်းနှင့် နေရာအခက်အခဲများကြောင့် ကားအရောင်း အ၀ယ်ပြု လုပ်သူများအနေဖြင့် တင်ပို့မူနည်းပါးရခြင်းဖြစ်သည်။

အောင်ကိုကိုလတ် (မြစ်မခ)

0 comments:

Post a Comment