Pages

Thursday, June 21, 2012

ပုဏ္ဍားကျွန်းတွင် အစိုးရကျောင်းများ ပြန်ဖွင့်သော်လည်း ကျောင်းသားများ စာသင်ခန်းထဲ မရောက်နိုင်သေး


ပုဏ္ဍားကျွန်းတွင် အစိုးရကျောင်းများ ပြန်ဖွင့်သော်လည်း ကျောင်းသားများ စာသင်ခန်းထဲ မရောက်နိုင်သေး




ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းကျေးရွာတွင်အခြေခံပညာကျာင်းများ ပြန်လည်ဖွင့်ထားသော်လည်း ကျောင်းသားများမှာ စာသင်ခန်းထဲမရောက်ရှိနိုင်ဘဲမိသားစုစားဝတ်နေရေးကိုကူညီနေရဆဲဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်ကသိရှိရသည်။


"ကျောင်းတွေကိုမေလ(၅)ရက်နေ့က စပိတ်ထားတာမေ(၁၈)ရက်နေ့ကြတော့ဗိုလ်မှူးလှမင်းကလာပြီးကျောင်းတွေပြန်ဖွင့် ပါဆိုပြီးပြန်ဖွင့်ခိုင်းထားတယ်လို့ဒေသခံတွေကပြောပြတယ်” ဟု (၈၈)မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူမမီးမီးကပြောသည်။

ကျောင်းများပြန်လည်ဖွင့်နိုင်သော်လည်း ကျောင်းနေအရွယ်ကလေးများအားကျောင်းသားမိဘများက စားဝတ်နေရေး အခက်အခဲကြောင့် စာသင်ခန်းထဲသို့မရောက်ရှိနိုင်ကြသေးကြောင်း သိရှိရသည်။

 ရခိုင်ပြည်နယ်တွင်စစ်တွေမြို့မှအပကျန်မြို့နယ်နှင့်ကျေးရွာအချို့တွင်အစိုးရကျောင်းများပြန်လည်ဖွင့်လှစ်လာကြောင်းကိုလည်း သိရှိရသည်။

"ကျောင်းပြန်ဖွင့်ထားပေမဲ့ ကျောင်းသားမိဘတွေကစားဝတ်နေရေးအတွက်လှုပ်ရှားရုန်းကန်နေရတာ ကြောင့်   ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းထားဖို့မစီစဉ်သေးနိုင်တာပါ" ဟု ၈၈ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူ မနီလာသိန်းက ပြောသည်။

(၈၈)မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကိုပစ္စည်းများ သွားရောက်လှူဒါန်းရင်း ယခုကဲ့သို့ သိရှိခဲ့ခြင်းဖြစ်သည်။“ကျွန်မတို့က(၂၀)ရက်နေ့ကရောက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်စခန်းအကုန်လုံးကို သွားရောက်ပြီး ဒေသခံတွေကိုနှစ်သိမ့်အားပေးစကားပြောတာပါ၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကိုလေ့လာနေပါတယ်၊ လှူဒါန်းမယ့် ပစ္စည်းတွေကတော့(၂၄)ရက်နေ့မှရောက်မယ်"ဟု၈၈မျိုးဆက်ကျောင်းသူ မမီးမီးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပစ္စည်းများလှူနိုင်ရန်(၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားကြောင်းသိရှိရသည်။"ကျွန်တော်တို့ ရုံးခန်းမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုပစ္စည်း၊ ဆေးဝါး၊ အသုံးအဆောင်၊ အဝတ်အထည်၊ငွေကြေးတို့ကိုလာရောက်လှူဒါန်းနိုင်ဖို့ အလှူခံဌာနဖွင့်ထားပြီး အကူအညီလိုအပ်နေသူတွေကို   သွားလှူမှာပါ "ဟု (၈၈) မျိုးဆက်ကျောင်းသားတဦးဖြစ်သူကိုဘောင်းဘောင်းမှပြောသည်။

ဝေယံမိုးဦး(မြစ်မခ)
by Myit Makha Mediagroup

0 comments:

Post a Comment