Pages

Sunday, August 12, 2012

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပ

ဒီကနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အခမ်းအနားကို ရှမ်းပြည်နယ် တောင်
ပိုင်းက လူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ တောင်ကြီးမြိုမှာရှိတဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု ခန်းမမှာ တရားဝင်ကျင်းပ
ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ အခွင့်အရေး အခွင့်အလမ်းတွေ အပြည့်အ၀ရရှိပြီး ပြည်တောင်စု ငြိမ်းချမ်းတိ
ုးတက်


ရေးမှာ အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး မနက် ၉ နာရီခွဲမှာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့


အခမ်း
အနားကျင်းပခဲ့တာဖြစ်တယ်လို့ ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုဝင့်ထယ်ကောင်းမြတ် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။


"ဒီနှစ်မှာပဲ ကျနော်တို့က ခွင့်ပြုချက်တွေ ဘာတွေ သေချာတောင်းပြီးတော့ ပြည်နယ်အစိုးရကလည်း ခွင့်ပြုပေးပါ တယ်ဗျ။ ကျနော်တို့ လူငယ်အဖွဲ့အစည်းပေါင်းစုံက ကျနော်တို့ ခေါင်းဆောင်ပိုင်း လူငယ်တွေ အကုန်လုံးစုပြီး ဒီ World Youth Day ဆိုတာ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်ဆိုတာကို ကျနော်တို့ လူငယ်တွေကို ချပြတယ်၊ ပြီးတော့ လူငယ်တွေရဲ့ ပေါင်းစည်းမှုတွေကို ကျနော်တို့က ဖော်ထုတ်ပေးတယ်၊ တစ်ယောက်ကို တစ်ယောက် ခင်မင်ရင်းနှီးလာဖို့ပေါ့ ပြီးလို့ရှိရင် သူတို့ရဲ့ ကပယ်စတီး တွေမြင့်တက်လာဖို့အတွက် လူငယ်တွေရဲ့ ရင်ဖွင့်သံကို ကျနော်တို့က ဖော်ထုတ်လိုက်တဲ့ သဘောပါပဲ၊ "

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့အဖွဲ့တွေ ဒေသအသီးသီးက လူငယ်တွေပါဝင်တဲ့ ကိုယ်စားပြုအဖွဲ့ ဖြစ်လာစေဖို့နဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လူငယ်ညီလာခံ ကျင်းပလာနိုင်ပြီး လူငယ်တွေရဲ့ လက်ရှိ အဓိက လိုအပ်ချက်တွေကို ဖော်ထုတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခမ်းအနားကျင်းပနိုင်ဖို့အတွက်ကိုတော့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့လူငယ်အဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ်ခေါင်းဆောင်


တွေ စုစည်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းလုပ်ဆောင်ခဲ့တာဖြစ်သလို ဒီကော်မတီကနေ ရှမ်းပြည်နယ်က လူငယ်ဖွံ့ဖြိုးရေးတွေမှာ အဓိက ဆက်ပြီးဦးဆောင်ပါဝင်လှုပ်ရှားသွားမှာဖြစ်တယ်လို့ ကိုဝင့်ထယ်ကောင်းမြတ် က ဆက်ပြောပါတယ်။

ကျနော်တို့က အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီလည်းပါတယ်၊ BY တို့ BY ဆိုတာ ဗုဒ္ဓဘာသာ လူငယ်၊ ပအို့လူငယ်ပေါ့နော် အဲ့လိုမျိုး အဖွဲ့ပေါင်းစုံ ကျနော်တို့ အဲန်အယ်လ်ဒီ ကလည်း လူငယ် ပါတယ်ပေါ့၊ ဒါပေမယ့် ကျနော်တို့က အဲ့ဒီ အရောင်တွေကို ဖယ်လိုက်


တယ်၊ ဖယ်လိုက်ပြီးတော့ လူငယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ကျနော်တို့က မူတည်ပြီး လှုပ်ရှားတယ်၊ နောက်ပိုင်းဆိုရင်တော့ ဒီကော်မတီလေးကတော့ ဆက်ရှိနေမယ်။ ပြီးတော့ ဒီ ရှမ်းပြည်နယ်ရဲ့ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နောက်ပြီးလို့ရှိရင် ကျနော်


တို့ အမြူဘေးတင်း သတ်သတ် ပွဲတွေ ဆက်လုပ်ဖို့ရှိပါတယ်၊ အဲ့ကျရင်လည်း ဒီကော်မတီလေးနဲ့ပဲ ဆက်ပြီး လုပ်ဆောင်
သွားပါ

မယ်။

အခု ညပိုင်းမှာတော့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု ခန်းမမှာပဲ ညစားနဲ့ကျွေးမွေးဧည့်ခံမှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို လူတစ်ယော


က်
ကျပ်တစ်ထောင်နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ရရှိတဲ့ ငွေတွေကိုတော့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို အကူ
အညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


RFA (Burmese)

0 comments:

Post a Comment