Pages

Sunday, August 12, 2012

ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ အပိတ်ခံထားရသော ဗလီအား တူရကီ ၀န်ကြီးကိုယ်တိုင် တံခါးဖွင့်လှစ်၍ စစ်တွေ ဒေသခံများနှင့် အတူ ဆွလာသ် ဆောက်တည်ခဲ့

စစ်တွေ မြို့ ဗလီ သောကြာခွသ်ဗာ တွင် တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား တွေ့ရစဉ်

တူရကီ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ် လ ၁၀ရက်နေ့ တွင် စစ်တွေမြို့ သို့ရောက်ရှိပြီးဒေသ
ခံမွတ်စလင်မ်များနှင့် တွေ့ဆုံခဲ့ပြီး စစ်တွေ မြို့ အောင်မင်္ဂလာရှိ အပိတ်ခံထားရသော ဗလီအား ၀န်ကြီးကိုယ်တိုင်သော့ဖွင့်ကာဒေသ
ခံမွတ်စလင်များနှင့် အတူ ဂျူမုအဟ် ဆွလာသ် ၀တ်ပြုခဲ့ကြောင်း စစ်တွေမှ လာသော သတင်းပေးပို့ချက် အရ သိရပါသည်။

ကျွန်တော် တို့ ၀တ်ပြုတဲ့ ဗလီတွေ အများကြီး ပျက်စီးခဲ့ရတယ်။ ဒီနေ့ ဆွလာသ်ဝတ်ပြုမှု က ဇွန်လ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ပထမ
ဆုံး ဆွလာသ် ၀တ်ပြုဖြစ်တာပါ ဟု စစ်တွေ မြို့ခံ မွတ်စလင် တစ်ဦးက  ပြောပါသည်။


တူရကီ အဖွဲ့ အတူ လိုက်ပါလာသော  တူရကီ ၀န်ကြီးချုပ် ကတော် မှ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်မ် မိန်းကလေးတွေဆုံခဲ့ကြောင်း
သိရသည်။

သြဂုတ်လ ၁၀ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ ဘောဒူဖ စခန်းမှ ရိုဟင်ဂျာ မွတ်စလင်များ နှင့် တွေ့ဆုံခဲ့ပြီး နောက်  စစ်တွေ တက္ကသိုလ်မှ ကွယ်လွန်သွားခဲ့သည် ကထိကဒေါ်ခင်ရွှေ၏ မိသားစုဝင်တစ်ယောက်နှင့် တွေ့ဆုံကာ အားပေးနှစ်သက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

၎င်းနောက် ၀န်ကြီးသည် ဒေသခံ ရိုဟင်ဂျာ မွတ်စလင်မ်များနှင့် တွေ့ဆုံကာ မိမိအနေဖြင့် ရိုဟင်ဂျာမွတ်စလင် များ ရင်ဆိုင်ခဲ့ရ
သော အခြေအနေများအတွက် စိတ်မကောင်းဖြစ်မိ ပါကြောင်း၊ အားပေးစကားပြောကြားခဲ့သည်။ တူရကီ ၀န်ကြီးချုပ် ကတော်နှင့် အဖွဲ့သည်အောင်မင်္ဂလာ ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ရိုဟင်ဂျာ မွတ်စလင်မ်မိန်းကလေး များနှင့်အတူ ဆွလာသ် ၀တ်ပြုပြီးနောက်
တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တူရကီကြက်ခြေနီဝန်ထမ်းများမှ ဒုက္ခသည်စခန်း၏အခြေအနေမှာလွန်စွာဆိုးရွားနေပြီး၊ သင့်တော်သည့်နေအိမ်များတွင်ဒုက္ခသည်
ကိုထားရန်လွန်စွာအရေးကြီးကြောင်း၊ အစာရေစာ ငတ်ပြတ်သည့်ဒုက္ခကြုံတွေ့ရမည်ကိုတွေ့မြင်နေရကြောင်း တို့ကို နိုင်ငံခြားရေး
ဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ကိုရှင်းလင်းတင်ပြသည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr Ahmet Davutoglu ရခိုင်ပြည်နယ် စစ်တွေမြို့ဆုတောင်းပြည့်ကျောင်းရှိ ရခိုင်မီးဘေးဒုက္ခသည်
စခန်းများသို့ အလှူပစ္စည်းများ ပေးအပ်စဉ်။
ထို့နောက်တူရကီအစိုးရကိုယ်စားလှယ်အဖွဲ့သည် ဆုတောင်းပြည့် ဘုန်းကြီးကျောင်းသို့သွားရောက်၍ ရခိုင်ဒုက္ခသည်များ အ တွက်
ထောက် ပံ့ ပစ္စည်းများလှူဒါန်းခဲ့ သည်။ နိုင်ငံခြားရေး ၀န်ကြီးမှ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့ပူးတွဲပြီး ငြိမ်းချမ်းစွာအတူ
ယှဉ်တွဲနေထိုင်ရေး၊ တူညီသော တန်းတူညီတူ အခွင့်အရေးရရှိရေး ကိုလို လားကြောင်းပြောကြား ခဲ့သည်။

တူရကီ ၀န်ကြီးနှင့် အဖွဲ့သည် ပဋိပက္ခကြောင့် ဒုက္ခရောက်နေသော ရခိုင်လူမျိုး ဒုက္ခသည်များ ထံ သွားရောက်ကာကူညီထောက်ပံ့
ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

တူရကီ ၀န်ကြီး ခရီးစဉ်သည် တိုတောင်းသော်လည်း မျှော်လင့်ချက်အများကြီးရခဲ့ကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

စစ်တွေမှ သတင်းပေးပို့ချက် (မွတ်စလင် သတင်းစဉ်)

1 comments:

Anonymous said...

It's a pity you don't have a donate button! I'd certainly donate to this outstanding blog! I guess for now i'll settle for bookmarking and adding your RSS feed to my Google account.
I look forward to fresh updates and will talk about this site with my Facebook group.

Chat soon!
Also see my webpage - Iskafghan.Org

Post a Comment