Pages

Sunday, August 12, 2012

ဘရာဇီးကို အနိုင်ယူ၍ အိုလံပစ် ရွှေတံဆိပ် ရယူသွားတဲ့ မက္ကဆီကို ဘောလုံးအသင်း


3084-mexico-win-gold-olympic-soccer
လန်ဒန်အိုလံပစ် ပြိုင်ပွဲကြီး၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို ယနေ့ ကျင်းပရာ မက္ကဆီကို အသင်းမှ Oribe Peralta က ပွဲစပြီး ၂၉ စက္ကန့်တွင် ဦးဆောင်ဂိုးကို စသွင်းခဲ့ပြီး ဒုတိယပိုင်းတွင် အနိုင်ဂိုးကို ထပ်မံ သွင်းပေးခဲ့ခြင်းကြောင်း သတင်းရရှိသည်။

မက္ကဆီကိုအသင်းက ဘရာဇီးအသင်း ကို ၂ - ၁ ဂိုးဖြင့် အနိုင်ရပြီး မက္ကဆီကို ဘောလုံးအသင်း၏ ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ဆုကြီးကို ဆွတ်ခူး သွားခဲ့သည်။

Peralta သည် ပွဲစလျှင် စခြင်းပင် ဘရာဇီးနောက်တန်း ကစားသမားတစ်ဦး၏ အမှားကို အသုံးချကာ ဘရာဇီး ဂိုးပိုက် အတွင်းသို့ ညာခြေဖြင့် အနိမ့်ဘော ကန်သွင်းလိုက်ခြင်းဖြင့် ၁၉၇၆ ခုနှစ်မှ စတင်၍ FIFA က မှတ်တမ်းတင်လာခဲ့ချိန် ကတည်းက ယနေ့အထိ အိုလံပစ် ဘောလုံးပြိုင်ပွဲများ၏ အမြန်ဆုံးသော ဂိုးကို သွင်းယူသွားခဲ့သည်။

ဒုတိယပိုင်း ၇၅ မိနစ်တွင်လည်း အလွတ်တည်ကန်ဘောမှ တင်ပေးလိုက်သော ဘောလုံးကို ၎င်းကပင် ခေါင်းတိုက် သွင်းယူခြင်းဖြင့် ဒုတိယ အနိုင်ဂိုးကို ရယူပေးခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို နာကျင် အချိန်ပိုတွင် Hulk က သွင်းယူပေးခဲ့သော်လည်း ဘရာဇီး အတွက် ရွှေတံဆိပ် အိပ်မက်ကို အကောင်အထည်ဖော်ရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

ပြိုင်ပွဲတစ်လျှောက် လူကြိုက်အများဆုံး အသင်းတစ်သင်းဖြစ်သည့် ငါးထပ်ကွမ်း ကမ္ဘာ့ချန်ပီယံကြီး ဘရာဇီးအတွက် အိုလံပစ် ရွှေတံဆိပ်ဟာ ၎င်းတို့ မရဖူးသေးတဲ့ တစ်ခုတည်းသော ဘောလုံးဆုတံဆိပ် ဖြစ်သောကြောင့် အထူး ကြိုးစား ကစားခဲ့ကြောင်း တွေ့ရသည်။

Planet Myanmar Media:

0 comments:

Post a Comment