Pages

Sunday, August 12, 2012

မြိတ်ခရိုင်ကျောင်းသားခေါင်းဆောင်တွေကို အက်စ်ဘီ နဲ့ စရဖ အဖွဲ့တွေက စစ်ဆေးမေးမြန်း

တနင်္သာရီတိုင်း မြိတ် ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ ၁၁ ရက်နေ့ မနေ့က ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ကျောင်းသားခေါင်းဆောင်တွေ ကို လိုက်လံစစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့
တယ်လို့ သိရပါတယ်။
သမဂ္ဂ ရဲ့ အတွင်းရေးမှူး တာဝန်ယူထားသူ ကိုစိုးသင့်ထွန်း ကို ဒီကနေ့ မနက်ပိုင်းက စစ်ဆေးမေးမြန်းခဲ့ပြီး အလုပ်အမှုဆောင် 
အဖွဲဝင် တချို့ကိုလည်း လိုက်လံမေးမြန်းတယ်လို့ ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ ကိုအုပ်စိုးထွန်း က ပြောပါတယ်။

"ဒီနေ့ မေးခံထိတယ်၊ မနက်က၊ လိုက်လံမေးမြန်းနေတယ်။ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ကိုစိုးသင့်ထွန်း ကိုလာမေးတယ်၊ အက်စ်ဘီ နဲ့ စရဖ ကပေါ့ နာမည်တော့ ကျနော် မသိဘူးခင်ဗျ၊ မင်းတို့က ဘာဖြစ်လို့ ဒီလိုလုပ်လဲပေါ့၊ မင်းတို့ရဲ့ အထက်မှာ ဘယ်သူရှိလဲပေါ့ဗျား၊ ဒီလိုမျိုးပေါ့။ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေနဲ့ ကျောင်းမှာရှိတဲ့ ကိုယ်ရေးမှတ်တမ်းတွေရော မှတ်သွားတယ်၊ နောက် အမှုဆောင်တွေကိုလည်း လာမေးသွားတယ်လို့ ကြားတယ်၊ ဖမ်းဆီးတာတော့ မရှိဘူးခင်ဗျ။"

မြိတ် ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဟာ တက္ကသိုလ်အတွင်း လွတ်လပ်တဲ့ ကျောင်းသားလွတ်တော်
တစ်ရပ်ပေါ်

ပေါက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေးနဲ့ စစ်မှန်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွေအတွက် ကျောင်းသားထု အကျိုးပြုလုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းသွား


မှာဖြစ်တယ်လို့လည်း ကိုအုပ်စိုးထွန်း က ဆက်ပြောပါတယ်။

"ကျနော်တို့ လုပ်ချင်တဲ့ ဆန္ဒက အခွင့်အရေးကို မြင်ကိုးလို့ လုပ်တာမဟုတ်ဘူး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ထင်လို့ ကျနော်


တို့ လုပ်တာ၊ ကျောင်းသားသမဂ္ဂက ဒါ ဗမာပြည်မှာ မရှိတာ ကြာပြီလေဗျ ၊ ကျောင်းသားမှာဆိုတာ ကျောင်းသားသမဂ္ဂတော့ ရှိ


သင့်တာပေါ့ဗျား၊ လယ်သမားမှာဆိုတာ လယ်သမား သမဂ္ဂ ဆိုတာရှိတယ်ဗျ၊ ကျောင်းသားသမဂ္ဂ ဆိုတာ မရှိဘူး၊ ဒါကြောင့် ကျနော်


တို့က လိုအပ်တယ်ထင်လို့ ကိုယ့်ဟာကို ဖွဲ့တာ၊ ကျနော်တို့ ကျောင်းသားတွေရဲ့ ဆန္ဒအတိုင်း ကျနော်တို့ လုပ်တာဗျ၊ ကျနော်တို့ ကျောင်းသားတွေမှာ ကျောင်းသားလွတ်တော်မျိုးပေါ့ ပေါ်ပေါက်စေချင်တယ်၊ပြီးတဲ့အခါ ကျနော်တို့ ကျောင်းမှာရှိတဲ့ ချို့တဲ့တဲ့ ကျောင်း
သားတွေပေါ့နော် ဒီကျောင်းသားတွေအတွက်ကို ကျနော်တို့က အကူအညီပေးချင်တဲ့ စိတ်နဲ့ရှိတယ်ပေါ့နော်။"


မြိတ်ခရိုင်အတွင်းက တက္ကသိုလ်တွေဖြစ်တဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ် နဲ့ ၀ိဇ္ဖာသိပ္ပံ တက္ကသိုလ် တို့ ပူးပေါင်းပြီး မြိတ် ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ကို စနေနေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဌ အဖြစ် ကိုအုပ်စိုးထွန်း၊ ဒုဥက္ကဌ အဖြစ် ကိုဇင်မိုးဝေ တို့အပါအ၀င် အလုပ်အမှုဆောင် ၂၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။








RFA (Burmese)

0 comments:

Post a Comment