Pages

Sunday, August 12, 2012

ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်း ဖောက်မှုများကို ထိရောက်စွာ အရေးယူသွားမည်

ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်မှုများကို ထိရောက်စွာ အရေးယူ
ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) မှ တာဝန်ရှိသူများက ဆိုသည်။

“တက္ကသိုလ်တွေမှာ ရှိတဲ့ မော်ကွန်းထိန်းတွေက သူတို့ တက္ကသိုလ်တွေမှာ ခရီးသည်တင် ယာဉ်တွေ ဂိတ်စ ဂိတ်ဆုံး မဆွဲတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေ သွားရေးလာရေး ခက်ခဲနေတာတွေကို တင်ပြကြပါတယ်။ 

ဒါကို သက်ဆိုင်ရာ ယာဉ်လိုင်း အသီးသီးကို အကြောင်းကြားထားသလို မထသ ကလည်း စစ်ဆေးအရေးယူမှုတွေ ထိထိရောက်
ရောက် လုပ်သွားမှာပါ” ဟု မထသ (ဗဟို) မှ အတွင်းရေးမှုး ဦးဘမြင့်က ဆိုသည်။

တက္ကသိုလ်များသို့ ပြေးဆွဲနေသော အချို့ခရီးသည်တင် ယာဉ်များသည် သတ်မှတ်ထားသော လမ်းကြောင်းပေါ်တွင် ခရီးသည် ရရှိ
မှုပေါ် မှုတည်ကာ ဂိတ်စဂိတ်ဆုံး ပြေးဆွဲပေးခြင်းမရှိဘဲ ကြားမှတ်တိုင်များမှ ပြန်လှည့်ကြ၍ တက္ကသိုလ်ကျောင်းသူကျောင်းသား
များမှာ ကျောင်းသွားကျောင်းပြန် အခက်အခဲ တွေ့ရလျက် ရှိသည်။

“ကျမက မြေနီကုန်းကနေ အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်)ကို ကျောင်း သွားတက်တဲ့အခါ ကျောင်းကို တိုက်ရိုက်ရောက်တဲ့ ခရီးသည် တင်ယာဉ်လိုင်းတွေကို အားကိုး စီးနေရတာပါ။ 

တခါတလေ ကျောင်းအထိ ပြေးဆွဲတဲ့ လိုင်းကားတွေက ကျောင်းအထိ အရောက်မသွားတော့ဘဲ ဒညင်းကုန်းလမ်းဆုံ ကနေပြန်
လှည့်တော့ကျောင်းရောက်ဖို့ကို တခြား ခရီးသည်တင်လိုင်းကားတွေကို စောင့်ပြီး ပြောင်းစီးရတယ်” ဟု တက္ကသိုလ် ဒုတိယနှစ်

ကျောင်းသူ မတင်ဇာဝင်းက ဆိုသည်။

“အဲဒီလိုပဲ ကျောင်းဆင်းချိန် အပြန်ဆိုရင်လည်း ကားက ဒညင်းကုန်းအထိပဲ ရောက်ပြီး ကျောင်းကို ပြန်လှည့်တယ်။ ဒီဖြစ်စဉ်က တပတ်ကိုသုံးရက်လောက် ကြုံရတယ်” ဟု ဆက်ပြောသည်။

မထသ(ဗဟို) စီမံမှုအောက်ရှိ ယာဉ်လိုင်းများမှ ခရီးသည်တင် ယာဉ်များကို ရန်ကုန်မြို့တွင်းမှ ဒဂုံတက္ကသိုလ်၊ အနောက်ပိုင်း
တက္ကသိုလ် (ထန်းတစ်ပင်)၊ အရှေ့ပိုင်း တက္ကသိုလ် (တာဝ)၊ နည်းပညာ တက္ကသိုလ် (လှိုင်သာယာ)၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ ရေကြောင်းတက္ကသိုလ် (သန်လျင်)၊  ကွန်ပျူတာ တက္ကသိုလ် (လှော်ကား) ခရီးစဉ်များ ပြေးဆွဲရန် သတ်မှတ်ထား
သည်။

“ယာဉ်လိုင်းတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိ မရှိကို မထသ(ဗဟို) အပါအ၀င် သက်ဆိုင်ရာ ယာဉ်လိုင်းတွေ
မှာရှိတဲ့ တာဝန်ရှိသူတွေက အဖွဲ့ ရှစ်ဖွဲ့ ခွဲပြီး လိုက်လံစစ်ဆေးမှုတွေ လုပ်ပါ တယ်။ စည်းကမ်းမလိုက်နာမှုတွေ ရှိရင် ဒဏ်ငွေ ဆောင်
ခိုင်းတာတို့၊ ပြေးဆွဲခွင့် ယာယီပိတ်ပြီး အရေးယူတာတို့တွေ လုပ်သွားမှာပါ” ဟု ဦးဘမြင့် က ဆိုသည်။

ကြားမှတ်တိုင်များတွင် လှည့်ပြန်သည့် ယာဉ်များအား ခရီးသည်များအနေဖြင့် ယာဉ်အမှတ်၊ ဖြစ်ပွားသည့် အချိန်နှင့်
နေရာတို့ကို အတိအကျမှတ်သားကာ သက်ဆိုင်ရာ ယာဉ်လိုင်းနှင့် မထသ(ဗဟို) တို့မှ တာဝန်ရှိသူများသို့ တိုင်ကြားနိုင်ပြီး ဖြစ်စဉ်များအား သေချာစွာ စစ်ဆေး အရေးယူသွားမည်ဟုလည်း ဦးဘမြင့် က ပြောဆိုသွားသည်

ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment