Pages

Sunday, August 12, 2012

KIO အဖွဲ့နဲ့ အဆက် အသွယ်ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ ကချင်ပြည်နယ်မှာ အယောက် (၇၀) ကျော်ရှိနေပြီ

ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့ ထိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အဆက် အသွယ်ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ အယောက် (၇၀) ကျော်ရှိနေပြီလို့ ပြည်နယ်တရားရုံးနဲ့ နီးစပ်သူ
တွေထံက စုံစမ်းသိရပါတယ်။
ပုဒ်မ ၁၇ (၁) တပ်ပြီး နည်းမျိုးစုံနဲ့စစ်ဆေးရာမှာ လုံးဝအပြစ်မရှိသူတွေကို ရမန်ကာလအတွင်း တစ်ခြား ပုဒ်မတွေ
နဲ့ ပြောင်းလဲစွဲ


ဆိုပြီးနောက် ပြစ်ဒါဏ်ချမှတ်နေတယ်လို့လည်း အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးပြီး ဖြောင်ချက်ယူရာမှာ နှိပ်စက်မှုတွေအပါအ၀င် အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန်ရှိနေတယ်လို့ အကျိုးဆောင်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

ပောင်းလဲစွဲဆိုပြီး ပြစ်ဒဏ် ချမှတ်လေ့ရှိတဲ့ ပုဒ်မတွေကတော့ ထောင်ဒဏ် (၃)နှစ်အထိ အပြစ်ပေးနိုင်တဲ့ခြိမ်းခြောက်ပိုက်ဆံတောင်း


ယူမှု ပုဒ်မ (၃၈၄)၊ ထောင်ဒဏ် (၁၀)နှစ်အထိ အပြစ်ပေးနိုင်တဲ့ အပြင်းအထန်နာကျင်စေမည်ဟုခြိမ်းခြောက်ကာ ပိုက်ဆံတောင်း


ယူခြင်း ပုဒ်မ (၃၈၆) တို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်တရားရုံးက အမှုတစ်မှုကို (၈) လကနေ (၉)လအထိ အချိန်ယူစစ်ဆေးလေ့ရှိတဲ့အပြင် ရုံးချိန်းသွားရတဲ့ မိသားစုဝင်အ
များ

စုဟာ စစ်ပြေးဒုက္ခသည်စခန်းတွေကနေ လာရောက်ကြရတာဖြစ်တဲ့အတွက် အင်မတန် ဒုက္ခရောက်ကြရတယ်လို့ ဒီအရေးကိစ္စေ
တွ

ကိုကူညီဆောင်ရွက်ပေးနေတဲ့ မြစ်ကြီးနားမြို့က နောက်ဆုံးနှစ် ဥပဒေ ကျောင်းသူတစ်ဦးက RFA ပြောပါတယ်။

လောလောဆယ်အထိ မတရားအသင်းနဲ့ ဆက်သွယ်မှုပုဒ်မတပ်ပြီး ဖမ်းဆီးခံထားရသူတွေထဲက တရားရုံးကို ရောက်တာ ၂၆မှုရှိပြီး၊ အမိန့်ချမှတ်လိုက်တာ ၁၀ မှုဘဲရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူအများစုကတော့ ရှေ့နေမငှားနိုင်တဲ့အတွက် မြစ်ကြီးနားေ
ထာင်ထဲ

မှာဘဲ ထိန်းသိမ်းခံထားရတယ်လို့သိရပါတယ်။ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ ထောင်ချခံရသူအများစုဟာလည်း အမျိုး


မျိုးနှိပ်စက်
ညှင်းပန်းမှုဒဏ်ကို မခံနိုင်လို့ဝန်ခံလိုက်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။


ခုလို တရားစွဲဆိုပြစ်ဒါဏ်ချနေတာနဲ့ ပတ်သက်လို့ ပြည်နယ်တရား လွှတ်တော်ရုံးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တစုံတရာတုံ့ပြန်


မှု မရရှိသေးပါဘူး။




RFA (Burmese)

0 comments:

Post a Comment