Pages

Sunday, August 12, 2012

အံသြဖွယ်ရာ ၂၀၁၂ လန်ဒန်အိုလံပစ် ဆိုင်ရာ အချက်အလက်များ


လန်ဒန် က အိုလံပစ်ကွင်းကြီးကို တည်ဆောက်ရာမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကတော့ ဟောဒီကအတိုင်းဖြစ်ပါသတဲ့


ရေပုတ်သင် အကောင်ပေါင်း ၄၀၀၀ ကို ရွှေ့ပြောင်းပြေးခဲ့ရပါသတဲ့

အရိုးစု ၄ ခုတွေ့ပါသတဲ့

ငှက်ပျောသီး ၂.၇ သန်းနဲ့  ပေါင်မုန့် အလုံးပေါင်း ၂သောင်း ငါးထောင် စားပါသတဲ့

မြေ တန်ပေါင်း ၈ သိန်း ဖို့ခဲ့ရပါသတဲ့

ကစားသမားနဲ့ နည်းပြ၊ အသင်းအဖွဲ့ လူပေါင်း ၁၆၂၆၀ အတွက် အခန်းပေါင်းက ၂၈၁၈ ခန်းပါတဲ့

အဲ့ဒီအတွက် လိုအပ်မယ့် ရေနွေးအိုးပေါင်းက ၄၄၄ လုံးပါတဲ့

အိပ်ယာခင်းပေါင်းက ၆သောင်း ၄ထောင်ပါတဲ့

ခေါင်းအုံးပေါင်းက ၂သောင်း ၂ထောင်ပါတဲ့

ဆိုဖာပေါင်း ၁သောင်း ၁ထောင်ပါတဲ့

အိမ်သာတိုက်တဲ့ ဘရှက်ပေါင်းက ၅ ထောင်တဲ့ ဗျာ...

ကဲ အိုလံပစ်ကြီးပြီးရင် လန်ဒန်မြို့ အဟောင်းဈေးကွက်မှာတော့ လူတွေ ကြိတ်ကြိတ်တိုးတော့မယ်  


အိုလံပစ် မီးရှုးတိုင်ကြီးကိုင်ပြီး ပြေးခဲ့တဲ့ နေရာတွေပေါ့လေ...

မူရင်(Link)

0 comments:

Post a Comment