Pages

Monday, August 13, 2012

ထားဝယ်စီမံကိန်းတွင်ဆောက်လုပ်မည့် ရေနံချက်စက်ရုံအား ရွာသားများလက်မခံနိုင်



ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာ ထားဝယ်ခရိုင်လောင်းလုံမြို့နယ် နှင်းမော်ကျေးရွာ အနီးရှိ တရုတ်နှင့် ပူပေါင်း
ဆောက်လုပ် မည့်  ရေနံချက်စက်ရုံစီမံကိန်းဆောက်လုပ်မည့်အပေါ်တွင်  ပတ်ဝန်းကျင်ထိခိုက်မှု များပြားစေနိုင်သည့်အတွက်   ဒေသခံရွာသူရွာသားများက လက်ခံနိုင်ခြင်းမရှိဟု သိရှိရသည်။


 ''အဲဒီက ရေနံချက်စက်ရုံက ထွက်ရှိလာမယ့် ရေပူတွေကို  ပင်လယ်ထဲထုတ်မယ်လို့ သိရတယ်၊ ရေချိုလည်းလိုတယ်။ ရေချိုရဖို့
အတွက် ဆည်တစ်ခုကိုဆောက်ရမယ်။ ဆောက်ရင်အဲ့ဒီနားကရှိတဲ့ ရွာတွေက ဒုက္ခ္ခရောက်ပြီ။ နောက် ရေဆိုးတွေကို ပင်လယ်ထဲ
ထုတ်ရင်   ရေထဲမှာ ရှိတဲ့ သတ္တဝါတွေ သေကြေပျက်ဆီးမယ်၊ အဲ့ဒါကြောင့်မို့ ရွာသားတွေက လက်မခံနိုင်ကြတာ ''ဟု ဝယ်ေ
နက် ဆိပ်ကမ်းစီမံကိန်းဒေသသို့ သွားရောက်ခဲ့သူ (၈၈) မျိုးဆက်ကျောင်းသူ မသက်သက်အောင်က  ပြောသည်။ 


လက်ရှိတွင် နှင်းမော်ကျေးရွာအနီးအနားရှိ ကျေးရွာများအား ပြောင်းရွေ့ဖယ်ခိုင်းလျှက်ရှိကြောင်းနှင့် စီမံကိန်း နှင့်ပတ်သက်၍ ရွာခံ
များကိုလည်း စီမံကိန်းဝန်ထမ်း လူမျိုးခြားများက ခြိမ်းခြောက်မှုများ ပြုလုပ်လျှက်ရှိသည့်အတွက် ရွားသားများဘက်ကလည်း ရွာမှ ဖယ်ရှားပေးရန် မဖြစ်နိုင်ကြောင်း၊ စက်ရုံဆောက်လုပ်မည်ကိုလည်း ရွာသားများက သဘောမတူကြောင်း ၄င်းက ဆက်ပြောသည်။


ဆိုပါ စက်ရုံတည်ဆောက်မည့်နေရာမှာ လောင်းလုံမြို့နယ်ရှိ ဆီအုန်းခြံတွင် အဓိကတည်ဆောက် မည်ဖြစ်ပြီး ဆိပ်ကမ်းကဲ့သို့ အတင်အချလုပ်ရမည့်နေရာသည် စက်စမ်းကျေးရွာနှင့် ဆီဇစ်ကျေးရွာတို့ ဖြစ်ပြီး ရေနံအကြမ်းများကို ပိုက်လုံးများနှင့် သယ်ယူမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 


''သူတို့ သုံးမယ့်ရေက ကဗျာချောင်းကိုဖြတ်ပြီးတော့ ရေသန့်ယူမယ်။ အဲဒါကလောင်းလုံမြို့ရဲ့ မြောက်ဖက်မှာပါ။   ဆောက်မှာက   တောင်နဲ့မြောက်မှာ ဆောက်မှာ လောင်းလုံကို ထိရင် အနောက်ဖက်ပါပါမယ်။ အရှေ့ဖက်မှာ ထားဝယ်မြစ်၊ လောင်းလုံ က ထားဝယ်ကျွန်းပေါ်မှာ ရှိတယ်''ဟု ထားဝယ်တက္ကသိုလ်မှ ကထိကတစ်ဦးက ပြောသည်။ 


ရေနံချက်စက်ရုံဆောက်လုပ်ပါက အညစ်အကြေးများအား မဖြစ်မနေစွန့်ပစ်ရမည်ဖြစ်ကြောင်းနှင့် မည်သည့်နေရာကို စွန့်ပစ်သည်
ဖြစ်စေ အန္တရာယ်ရှိနိုင်ကြောင်း  လောင်းလုံမြို့နှင့် ထားဝယ်မြစ် အတွက် စိုးရိမ်ဖွယ်အခြေအနေများဖြင့် ကြုံတွေ့ရမည်ဖြစ်ကြောင်
ကိုလည်း ၄င်းက ဆက်ပြောသည်။ 


အဆိုပါလောင်းလုံမြို့နယ်မှာ ရပ်ကွက်ကြီး (၄)ခုနှင့် တည်ဆောက်ထားပြီး ထားဝယ်မြို့နှင့် (၁၃)မိုင် ခန့် အကွာအဝေးတွင်ရှိကာ   ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြလို ဥယျာဉ်ခြံစိုက်ပျိုးခြင်း လုပ်ငန်းဖြစ်သော ရာဘာ၊ကွမ်းစိုက်မျိုးရေးလုပ်ငန်းများကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လျက်ရှိသော ကျေးရွာများဖြစ်သည်။


ထွန်းနေအောင်(မြစ်မခ)

0 comments:

Post a Comment