( ဓာတ်ပုံ ။ MAI လေကြောင်းလိုင်း) |
မြန်မာနိုင်ငံက MAI လေကြောင်းလိုင်း နဲ့  ထိုင်းနိုင်ငံက Air Asia
လေကြောင်းလိုင်းတွေဟာလာမဲ့ အောက်
တိုဘာလ က စပြီး ထိုင်း ၊ မြန်မာ ၊ နဲ့ 
အိန္ဒိယ နိုင်ငံတွေကို ခရီးစဉ်သစ်တွေ စတင်ပျံသန်းတော့မယ်လို့  သိရ
ပါတယ် ။
MAI လေကြောင်းလိုင်းဟာ မန္တလေး - ဘန်ကောက် ခရီးစဉ် နဲ့  မန္တလေး - ဂါယာ
ခရီးစဉ် သစ် တွေကို ပျံသန်းမယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူ က ပြောပါတယ် ။
မန္တလေး - ဘန်ကောက် ခရီးစဉ်မှာ ရန်ကုန် ကနေ တဆင့် ပျံသန်း မှာဖြစ်ပါတယ် ။
MAI လေကြောင်းလိုင်းလို Air Asia လေကြောင်းလိုင်းကလဲ ဘန်ကောက် - မန္တလေး ခရီးစဉ် နဲ့  မန္တလေး - ဂါယာခရီးစဉ် ခရီးစဉ်တွေကို ပျံသန်း မယ်လို့ သိရပါတယ် ။ အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်ဟာ ဗုဒ္ဓဂါယာ နဲ့  အနီးဆုံးမှာ တည်ရှိတဲ့ လေဆိပ်ဖြစ်ပါတယ် ။
Air Asia မှာ လေယာဉ် ၄ စီးပိုင်တဲ့  တန်ဘိုးနည်း လေကြောင်းလိုင်းဖြစ်ပါတယ်။ ဒီလကုန်မှာ နောက်ထပ်

လေယာဉ် ၂ စီး
ထပ်မံ အားဖြည့် ပြီး လာမဲ့ အောက်တိုဘာလမှာ ခရီးစဉ်သစ်တွေ စတင်
ပျံသန်းမယ်လို့ 
လေကြောင်းလိုင်းတာဝန်ရှိသူ ကပြောပါတယ် ။
RFA (Burmese)
0 comments:
Post a Comment