Pages

Monday, August 13, 2012

လိုင်စင်မဲ့ အကျိးဆောင် ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကို ပုဇွန်တောင်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် များချမှတ်

ပြည်ပ အကျိုးဆောင်လိုင်စင်မရှိပဲ မလေးရှားနိုင်ငံသို့တရားမဝင်စေ လွှတ်သည့် ကုမဏီတစ် ခု၏ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး

ကိုပြည်ပ အလုပ် အကိုင်ဆိုင်ရာဥပဒေ ဖြင့်ဇူလိုင်၂ဝ ရက်တွင် ပုဇ
ွန်တောင် တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် များချမှတ်
ခဲ့


ကြောင်းအရှေ့ပိုင်းခရိုင် တရားရုံး မှ သိရသည်။ကုမဏီဒါရိုက်တာ ဦးသန်းဇော်လင်း အားအလုပ်ကြမ်းနှင့်ထောင်ဒဏ်၈နှ စ်၊ ရုံးဝန် ဦးမောင်မောင်ကြီး ကို အလုပ်ကြမ်း နှင့်ထောင်





ဒဏ် ၄နှစ်စသဖြင့် အသီးသီး ကျ ခံရမည်ဖြစ်ကြောင်းအဆိုပါပြစ်ဒဏ် များကို သီးခြား စီကျခံစေရန် ပုဇွန်တောင် တရားရုံးကြ
ပစ်


ဒဏ်များချမှတ်ခဲ့သည်။




ပုဇွန်တောင်မြို့နယ် ၁ ရပ်ကွက်ရှိ ထိပ်တန်းရွှေကုမဏီအပြည်ပြည်ဆိုင်ရာဝန်ဆောင်မှု ကုမဏီဒါရိုက်တာ ဦးသန်းဇော်လင်း နှင့် 





ဦးမောင်မောင်ကြီး တို့ နှစ်ဦးသည် ပြည်ပ အကျိုးဆောင် လိုင်စင်မရှိဘဲ ကေ့မှုးတွင်နေထိုင်သော အမျိုးသား သုံးဦး ထံမှငွေကျပ်





၂၃သိန်း ဝန်းကျင်ခန့်ယူပြီး မလေးရှား နိုင်ငံ သို့ စေလွှတ်ခဲ့ ကြောင်း၊ ရခိုင်ပြည်နယ်နေ သူနှစ်ဦးထံမှ ငွေကျပ်တစ်ဦး လျှင် ငွေကျပ်





 ၇သိန်း ၊ကော့မှုး ဝါသင်္ခကျေး ရွာနေသူ ၅ဦးထံ မှငွေကျပ်၃၇ သိန်းကျော် ယူပြီးမလေးရှားနိုင် ငံသို့တရား မဝင်စေ လွှတ်ခဲ့သည့် 





အထောက် အထားများ ကိုအထူး စုံစမ်းစစ်ဆေးရေးဌာနမှ စစ်ဆေး တွေ့ ရှိရသဖြင့် ပုဇွန်တောင် ရဲစခန်း သို့တိုင်ကြား ခဲ့ ကြောင်း





သိရသည်။




''ရဲစခန်းကနေတဆင့် ပုဇွန်တောင်မြို့နယ် တရားရုံးက ဒီအမှုကိုစစ်ဆေးတယ်။ ပြည်ပအလုပ် အကိုင် အက်ဥပဒေပုဒ် မ၂၆ အရ





အပြစ်ပေးခဲ့တာ။'' ဟုအရှေ့ ပိုင်းခရိုင်တရားရုံးမှတာ ဝန်ရှိသူတစ်ဦးက ပြော သည်။




ယင်းကဲ့သို့ပြည်ပ အလုပ်အကိုင် အကျိုး ဆောင်လုပ်ငန်း လိုင်စင်မရှိ ပဲတရား မဝင်လုပ်ကိုင် နေသည့် ကုမဏီများ ကို အများပြည်





သူများသိရှိစေ ရန်နိုင်ငံကူး လက်မှတ်ရုံးများတွင်တရားဝင် အေးဂျင့်များ၏ လိပ်စာများ ကိုဖော်ပြ ထားပေးကြောင်း အလုပ်သမား





ဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။




''အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနအနေ နဲ့ဒီလိုတရားမဝင်လုပ် ကိုင်နေတဲ့အေး ဂျင့်တွေကို မရှိရအောင် အေးဂျင့်လုပ် ငန်းလိုင်





စင်တွေလျှောက် တဲ့ အခါကန့် သတ်ချက်အမျိုးမျိုးထား ရှိတယ်။ ငွေကြေး ပမာဏကို သိန်းတစ်ထောင် ကန့်သတ်တယ်။ 








နာမည်ပျက် ကုမ္ပဏီမဖြစ်ရဘူး။ စသဖြင့်ပေါ့။ ကန့်သတ် ချက် အမျိုးမျိုးရှိတယ်။ဒါတွေကို တင်ပြနိုင်မှ အေးဂျင့်လိုင် စင်လျှောက်





နိုင်မယ်။ တချို့ လုပ်ကိုင်ခွင့် လိုင်စင် မရှိပဲပြည် ပပို့နေတဲ့သူတွေကျတော့ပို့တော့ပို့ လိုက်တယ်။ ဟိုကျ အဆင်မပြေတာ တွေ၊ 





အခက် အခဲဖြစ်တာတွေ အများ ကြီးရှိတယ်။တချို့ကျတော့ ငွေလိမ် ယူပြီးထွက်ပြေးတဲ့ တရား မဝင် အေးဂျင့်တွေ လည်း ရှိ





တယ်။''ဟုအလုပ်သမား ဝန်ကြီးဌာနမှတာ ဝန်ရှိသူက ပြောသည်။ 





၂၀၁၁ခုနှစ်ဖေဖော်ဝါရီလအတွင်းကရန်ကုန်တိုင်း ဒေသကြီးရှိတရားဝင်လိုင်စင်မရှိဘဲပြည်ပပို့နေသည့်ကုမဏီ၂၀ ဝန်းကျင်မှ
တာ


ဝန်ရှိသူများ ကိုအထူးစုံစမ်းစစ်ဆေးရေး ဌာန ကဖမ်းဆီးစစ်ဆေး မှုများပြုလုပ် ခဲ့ကြောင်း လည်းသိရသည်။








ကျော်မြတ်ဇံ

0 comments:

Post a Comment