Pages

Monday, August 13, 2012

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့ ဆွေနွေးပွဲတစ်ရပ် ဒီကနေ့ မနက်ပိုင်းက ကျင်းပ

မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေးအမြန်
ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။သမ္မတဦးသိန်းစိန်အနေနဲ့ တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးအရတွေ့ ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ထားပြီး (၂၀၁၅)
ခုနှစ် မတိုင်ခင် ရလဒ်အဖြေတစ်ခုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာ
အီးဂရက် အဖွဲ့  ဥက္ကဌ ဦးတင်မောင်သန်းက ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။
 
ဒီကနေ့ အခမ်းအနားဟာ ကချင်ဒေသအတွက်သာမက တစ်နိုင်ငံလုံးရဲ့ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ အခမ်းအနားစီစဉ်တဲ့ငြိမ်းဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်ဂျာနန်က RFA ကိုပြောပါတယ်။

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး၊ (၂)ရက်ကြာ ကျင်းပသွားမှာ
 ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံး ဒုတိယအကြီးအကဲ Mr.Arne Jan Flolo ၊ TransNational Institute က Mr.Tom Kramer ၊ မြန်မာအီးဂရက်ဥက္ကဌဦးတင်မောင်သန်း စတဲ့ ပုဂ္ဂိုလ်တွေ ဦး
ဆာင်ဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသားအဖွဲ့အစည်း (၅၇)ဖွဲ့က ကိုယ်စားလှယ်တွေအပါအ၀င် ဆွေးနွေငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့စည်းအသီးသီးက ပုဂ္ဂိုလ် (၂၀၀) လောက်တက်ရောက်
ခဲ့ပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment