Pages

Saturday, May 14, 2016

မုန်တိုင်း ROANU ရဲ့ ရွေ့လျှားမယ့်လမ်းကြောင်းကို ခန့်မှန်းခြင်း


RangonNewsDaily::Saturday. 14 May. 2016
၁၄-၅-၂၀၁၆ ညနေ(၃း၅၄)နာရီခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မြောက်ဖျား
ကမ်းခြေကို အဖျားခတ်နှိုင်ပါတယ်။
(၁) ၂၀၁၆ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးဖြစ်လာမယ့် မုန်တိုင်း 01B2016 ကို ROANU လို့ခေါ်တွင်မှာဖြစ်ပါတယ်။ 
Roanu ရဲ့ ကနဦး ရွေ့ လျှားနိုင်မှုကို XWF Model ဖြင့်ခန့်မှန်းရရှိတဲ့လမ်းကြောင်းကတော့ အရှေ့မြောက်ဖက်ကို ပြန်ကွေ့ လိမ့်မယ်လို့ခန့်မှန်းရရှိထားကြောင်းပါ။


(၂) မုန်တိုင်း Roanu ရဲ့ ရွေ့လျှားမယ့်လမ်းကြောင်းကို GFS, XWF, ECMWF Models များဖြင့်ခန့်မှန်းတွက်ချက်ခဲ့ရာ Model များက မေလ(၂၂- ၂၃)ရက်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ (သို့မဟုတ်) ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကမ်းခြေဒေသကို ဖြတ်ကျော်ဝင်ရောက်နှိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ 
.
ဝင်ရောက်စဉ်တွင် မုန်တိုင်းဟာ အားပျော့လာပြီးမုန်တိုင်းငယ်(သို့မဟုတ်) လေဖိ အားနည်း ရပ်ဝန်းအဖြစ်နဲ့သာ ၀င်ရောက်နှိုင်ပါတယ်လို့လည်းခန့်မှန်း
ထားကြပါတယ်။
ခေတ္တ-နွားထိုးကြီး
ဒေါက်တာထွန်းလွင် 





0 comments:

Post a Comment