Pages

Saturday, May 14, 2016

မွန်ပြည်နယ်ရေးမြို့အနီး ပင်လယ်ထဲ ပျက်ကျသည်ဆိုသည့် လေယာဉ် ရှာမတွေ့သေး

RangonNewsDaily::Saturday. 14 May. 2016
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်းအနီး ပင်လယ်ပြင်ထဲကို မနေ့ညနေပိုင်းက လေယာဉ်တစင်း ထိုးကျသွားတယ်ဆိုတဲ့ သတင်းကြောင့် သက်ဆိုင်ရာ ရေတပ်က ရေယာဉ်နှစ်စင်းနဲ့ တညလုံး ရှာဖွေခဲ့ပေမယ့် အခုထိ ရှာ မတွေ့သေးပါဘူး။
ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က သူ ဒီနေ့မနက် ရေး ရဲစခန်းက စုံစမ်းသိရှိရတဲ့ သတင်းအရ ပြောပြခဲ့တာဖြစ်ပါတယ်။
.
“အဲ့ဒီ ကုလားဂုတ်ကျွန်းက လူတွေက လေယာဉ်လိုလို ဘာလိုလို ယာဉ်တစင်း ထိုးကျသွားတယ်ပေါ့၊ ညနေ ၆ နာရီလောက်က၊ ကျပြီးတာနဲ့ သက်ဆိုင်ရာ မွန်ပြည်နယ်ရေတပ်စခန်းကို အကြောင်းကြားလိုက်တော့ ရေတပ်သင်္ဘောနှစ်စီးက ညက တညလုံး ရှာတယ်တဲ့၊ အခုထိ ဘာမှ အကောင်အထည် မဖော်နိုင်သေးဘူးတဲ့။”
.
သက်ဆိုင်ရာ ရေတပ်နဲ့ ရဲတပ်ဖွဲ့ နှစ်ခုစလုံးက လေယာဉ်ပျက်ကျတယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။
.
ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း ဒီသတင်းနဲ့ပတ်သက်လို့ ကုလားဂုတ်ကျွန်းသောင်ပြင်မှာ လမ်းလျှောက်နေတဲ့ လူငယ်တချို့ဟာ ကျွန်းအနောက်ဘက် ပင်လယ်ထဲကို မီးခိုးလုံးကြီးနဲ့ လေယာဉ်နောက်ပိုင်း ထိုးဆင်းသွားတာကို တွေ့မြင်လိုက်ရတယ်လို့ သတင်းမှာ ဖော်ပြထားပြီး သက်ဆိုင်ရာက စုံစမ်းရှာဖွေနေတုန်းလို့ ဆိုပါတယ်။
DVB::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment