Pages

Saturday, May 14, 2016

တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ ရတနာရှိုး ဟိုတယ်တွင် လောင်းကစားဝိုင်း ဖမ်းမိ

RangonNewsDaily::Saturday. 14 May. 2016
တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ ရတနာရှိုး ဟိုတယ်တွင် ယနေ့ ( မေလ ၁၂ ရက်) နံနက် ၂ နာရီခန့်က လောင်းကစားဝိုင်း တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
အသက် ၂၈ နှစ်မှ ၅၇ နှစ်ကြား အမျိုးသမီး ၆ ဦး၊ ဟိုတယ်တာဝန်ခံ အပါအဝင် စုစုပေါင်း ၁၇ ဦးကို ငွေကျပ် ၈၁ သိန်းကျော်နှင့်အတူ ယင်းဟိုတယ်ရှိ အခန်းတစ်ခုတွင်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment