Pages

Saturday, May 14, 2016

စပိန် ကားတာယာဟောင်းအမှိုက်ပုံ မီးလောင်မှု ဒေသခံများ ထွက်ပြေးရ


RangonNewsDaily::Saturday. 14 May. 2016
ကားတာယာဟောင်း အမှိုက်ပုံ မီးလောင်ရာမှ ထုထည်ကြီးမားတဲ့ အဆိပ်သင့် မီးခိုးငွေ့များ ထွက်ရှိလာမှုကြောင့် ဒေသခံ အမြောက်အမြား နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။
မက်ဒရစ်တောင်ပိုင်း ဆက်စီနာမြို့မှာ နေထိုင်တဲ့ ဒေသခံတွေကို တာယာဟောင်းများ မီးလောင်မှုမှ ထွက်ရှိတဲ့ အဆိပ်သင့် မီးခိုးငွေ့အန္တရာယ်ကြောင့် နေအိမ်များမှ စွန့်ခွာရန် ဒေသအာဏာပိုင်တွေက ညွှန်ကြားခဲ့ရပါတယ်။ 
.
မက်ဒရစ်တောင်ပိုင်း ဆက်စီနာမြို့ရှိ ဧရိယာ အကျယ်အဝန်း ၂၅ ဧကကျော်ရှိတဲ့ ကားတာယာဟောင်း အမှိုက်ပုံမှာ ဥရောပတွင် အကြီးမားဆုံး ဖြစ်နိုင်ကြောင်း သိရပါတယ်။ 





အဆိုပါ ကားတာယာဟောင်း အမှိုက်ပုံမှာ တန်ချိန် တစ်သိန်းကျော်ရှိ ကားတာယာဟောင်းများ စုံပုံထားရှိကြောင်း စပိန်သတင်းစာ El Pais က ပြောပါတယ်။ 
.
ကားတာယာဟောင်း အမှိုက်ပုံအနီး နေထိုင်ကြတဲ့ ဆက်စီနာမြို့ခံ ၉,၀၀၀ ဟာ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြပြီး အဆိုပါ ဒေသမှာ နေထိုင်သူ ၁,၀၀၀ သာ ကျန်ရှိနေကြောင်း သိရပါတယ်။ 
.
ကားတာယာဟောင်းများ မီးလောင်နေမှုကို မီသတ်တပ်ဖွဲ့ ၁၀ ဖွဲ့က ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေပေမဲ့ မီးအားကောင်းစွာဖြင့် ဆက်လက် လောင်ကျွမ်းနေပြီး မီးလောင်မှုနေမှုဟာ ၁၀ နာရီကျော် ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။
Ref: IBTimes/ 7Day::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment