Pages

Saturday, May 14, 2016

ဝင်ငွေရလမ်း မပြနိုင်သည့် ဖရီးပါမစ်ကားများကို ဇွန်လ ၁ ရက်ကစ၍ အခွန်ကောက်မည်


RangonNewsDaily::Saturday. 14 May. 2016
တစ်ဦးချင်းတစ်နိုင်တစ် ပိုင် ဖရီးပါမစ်ဖြင့် တင်သွင်းလာ သည့်ကားများ ၀င်ငွေရလမ်း မ ဖော်ပြနိုင်ပါက အခွန်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အခွန်ကောက်ခံခြင်းကို ဇွန် လ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး ကနဦး မှတ်ပုံတင် ပြုလုပ်ရာ နေရာများဖြစ်သည့် နေပြည်တော် ရန်ကုန်(ထောက်ကြန့်)၊မန္တလေး (ဆင်ဖြူကန်ကွင်း) နေရာများ၌ ကောက်ခံမည်ဖြစ်သည်။
.
ဧပြီတွင် အခွန်ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ကြိုတင်ပြင် ဆင်ချိန် နည်းပါးခဲ့၍ ဇွန်လ၌ ကောက်ခံရန် စီစဉ်ခြင်းဖြစ်သည် ဟုပြည်တွင်း အခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ကပြောသည်။
‘‘၀င်ငွေရလမ်းမှာ ငွေဖြူဖြစ် ကြောင်း ပြနိုင်ရင်တော့ ဆောင် စရာမလိုပါဘူး’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
.
အခွန်ကောက်ခံရာတွင် စလစ်ဖြင့် အစားထိုး တင်သွင်း ထားသည့် ကားများ မပါဝင်ဘဲ တစ်နိုင်တစ်ပိုင် တင်သွင်းသည့် ကားများကိုသာ အဓိကကောက်ခံ မည်ဖြစ်ပြီး ကားအရောင်းစင်တာ များမှ ကားဝယ်ယူထားသူများ ကနဦးမှတ်ပုံတင်ဝင်ပါက အခွန် ကောက်ခံမည်ဖြစ်သည်။
.
ယခုကောက်ခံမည့် အခွန် သည် ၂၀၁၆ ပြည်ထောင်စုအခွန် အကောက် ဥပဒေအရ ၀င်ငွေရလမ်း မဖော်ပြနိုင်ပါက ကား၏ တန်ဖိုးကို တွက်ချက်ပြီး ၁၅ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။
.
ကားအရောင်းစင်တာများမှ ၀ယ်ယူသူများအတွက် အရောင်း စင်တာက ကနဦး မှတ်ပုံတင်ဝင် ပေးမည်ဖြစ်၍ ၀ယ်ယူသူထံမှ အခွန်ပါ တစ်ပါတည်း ပေါင်းပြီး ရောင်းချဖွယ်ရှိကြောင်း ကား အရောင်းပြခန်းပိုင်ရှင်များက ဆို သည်။
.
‘‘အကျိုးဆက်က ဖရီးပါမစ် တွေ ဈေးတက်မယ်။ ရန်ကုန်ကား ဈေးကွက်က ဖရီးပါမစ်တွေများ တော့ ဈေးကွက်ရဲ့ သုံးပုံနှစ်ပုံဈေး ထက်တက်နိုင်တယ်’’ဟု ကားအ ရောင်းအ၀ယ်ပြုလုပ်သူ ဦးအေး ထွန်းကပြောသည်။
7Day::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment