Pages

Saturday, May 14, 2016

ထိုင်းနိုင်ငံကန်ချနဘူရီ၌ကားမှောက် မြန်မာ၂ ဦးသေ၊ ၈ ဦးဒဏ်ရာရ


RangonNewsDaily::Saturday. 14 May. 2016
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် လမ်းမပေါ်မှာ တိုယိုတာပစ်ကပ်ကားတစီး မတော်တဆ တိမ်းမှောက်ပြီး မြန်မာအလုပ်သမား ၂ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရသွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
မေလ ၆ရက် မနက် ၅ နာရီလောက်က ဖတ်ဖရတ်ကျေးရွာအနား ၀ါးရုံတောထဲကို ထိုးကျတိမ်းမှောက် သွားတာဖြစ်ပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးသွားကာ အခြားသူ ၈ ဦးကတော့ ကားထဲမှာ ဒဏ်ရာရနေတာကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိခဲ့တာပါ။
.
ဒဏ်ရာရသွားတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦးကိုတော့ ဆေးရုံကိုပို့ဆောင်ထားပြီး အားလုံးဟာ မြန်မာနိုင်ငံက အလုပ်သမားတွေ ဖြစ်တယ်လို့ လည်း ရဲက ပြောပါတယ်။
.
ကားပေါ်ပါလာသူတွေကို ကန်ချနဘူရီကနေ စမွန်ဆာခွန်ခရိုင်ဆီ အလုပ်သွားလုပ်ဖို့ ပို့ဆောင် ပေးတာဖြစ်ပြီး လမ်းမှာ ဘေးတွဲပါမော်တော်ဆိုင်ကယ်တစီးကရှေ့က ဖြတ်ဝင်လာလို့ တိမ်းရှောင်လိုက်ရာက ကားလမ်းဘေးကို ချော်ကျသွားတာာလို့ ကားမောင်းသမားက ပြောပါ တယ်။
.
မြန်မာအလုပ်သမားတွေအားလုံးမှာ မှတ်ပုံတင်ပါရှိပေမယ့် အလုပ်လုပ်ခွင့်လက်မှတ်တော့ မပါဘူးလို့ သိရပါတယ်။
DVB::--
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment