Pages

Saturday, May 14, 2016

ထိုင်းနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်၊ မြန်မာအလုပ်သမား ၆ ဦးသေဆုံး


RangonNewsDaily::Saturday. 14 May. 2016
ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူရီခရိုင် အူထောင်းမြို့နယ်ထဲမှာ မေလ ၅ ရက်နေ့ ညက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး မြန်မာအလုပ်သမား ၆ ဦး သေဆုံးသွားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ အူထောင်းမြို့နယ် ဖလပ်ဖလာချိုင်းကျေးရွာအုပ်စု ရပ်ကွက် ၇ ရှိ မီးရှူးမီးပန်းထုတ်လုပ်ရာ ဂိုဒေါင်တခုမှာဖြစ်ပြီး သေဆုံးသူတွေမှာ မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ အူထောင်းမြို့နယ်ရဲစခန်း တာဝန်ကျဒုရဲမှူး ဆယာမ် ဆွန်အင်းမှ ဒီဗွီဘီကို ပြောပါတယ်။
.
“ကျနော်တို့ သွားကြည့်တော့ ပေါက်ကွဲစတွေကြားမှာ သေဆုံးသူတွေ ခန္ဒာကိယ်အစိပ်အပိုင်းတွေ ပြန့်ကျဲနေတယ်။ တချို့လည်း ခေါင်းပြတ်၊ တချို့လည်း ခြေပြတ်၊ တချို့ အသားစတွေလည်း သစ်ပင်ပေါ် ချိတ်နေတယ်။ အဲဒီမှာရှိတဲ့ လူတွေ အကုန်လုံးသေတယ်။ အကုန်လုံးကို ပြန်စုလိုက်တော့ အမျိုးသားက ၂ ဦး၊ အမျိုးသမီးက ၄ ဦး ဖြစ်ပါတယ်။ အကုန်လုံး လူကြီးပဲ၊ ကလေးမပါဘူး။ သူတို့ အားလုံး မြန်မာအလုပ်သမားတွေလို့ ယူဆရပါတယ်။ ၅ ယောက်က အထောက် အထားရှိတယ်။ တယောက်က အထောက် အထားမရှိဘူး။ အထောက်အထားက ဓာတ်ပုံနဲ့ နာမည်ပါတယ်။ ထိုင်းက ထုတ်ပေးတဲ့ လက်မှတ်မဟုတ်ဘူး။ မြန်မာမှတ်ပုံတင်လို့ ထင်ရတယ်။ အဲဒီအထောက်အထားတွေ သိရဖို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အလုပ်သမားရုံးက လာယူသွားတယ်။”
.
သေဆုံးသူရဲ့ အလောင်းတွေကို အူထောင်းမြို့နယ် ကျောက်ဖယားဆေးရုံမှာထားရှိပြီး အထောက်အထားတွေ စစ်ဆေးပြီးရင် သက်ဆိုင်ရာ မြန်မာသံရုံးကို စာနဲ့ အကြောင်းကြားမယ် လို့ သူက ဆက်ပြောပါတယ်။
.
အဆိုပါ ပေါက်ကွဲရာနေရာမှာ အိမ်နံပတ်မရှိသော ဂိုဒေါင်ဟောင်းတခုသာဖြစ်ပြီး မီးရှူးမီးပန်း ထုတ်လုပ်ရာမှာလည်း တရားဝင်ခွင့်ပြုချက်မရှိတဲ့အတွက် မြေကွက်ပိုင်ရှင်ကိုတော့ မသိရသေး ဘူးလို့ ဒုရဲမှူးက ပြောသွားပါတယ်။
နန်းမြနဒီ - DVB::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment