Pages

Saturday, May 14, 2016

နည်းပညာ တက္ကသိုလ်ကျောင်းသားများအတွက် BE ပေါင်းကူးစာမေးပွဲများ ယခုနှစ်အတွင်း ပြုလုပ်မည်

RangonNewsDaily::Saturday. 14 May. 2016
နည်းပညာ တက္ကသိုလ်အသီးသီးမှ ကျောင်းသား/သူများအတွက် BE ပေါင်းကူးစာမေးပွဲများကို ယခုနှစ် စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် ကျင်းပသွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန၊ စက်မှု နည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 
ပညာ ရေးဝန်ကြီးဌာနလက် အောက်ရှိ နည်းပညာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော B.Tech သင်တန်းများကို အောင်မြင်ခဲ့သော်လည်း တစ်ဆင့်မြင့် BE တန်းကို တက်ရောက်ရန် ရမှတ်ပြည့်မီခြင်းမရှိသော ကျောင်းသား၊ကျောင်းသူများအားလုံးကို ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။
.
”ပေါင်းကူးလုပ်ပေးတယ် ဆိုတာက တချို့တွေက B.Tech အောင်တယ်။ BE တက်ဖို့ သတ်မှတ်တဲ့ အရည်အချင်းတွေ မပါပြန်ဘူး။ အဲ့ဒီလို လူတွေအတွက် ပညာရေးမှာ နစ်နာမှာစိုးလို့ ဒီလိုမျိုးတွေကို လုပ်ပေးရတာပါ။ တချို့လူတွေကလည်း ပြန်ဖြေချင်တဲ့ စိတ်ရှိတော့ ပြန်ကြိုးစားတော့ အောင်ကြ တယ်။ တချို့ကလည်း စာနဲ့ နည်းနည်းဝေးသွားတော့ ပြန်ကျတာလည်း ရှိတယ်”ဟု သန်လျင် နည်းပညာတက္ကသိုလ်မှ လက်ထောက်ကထိက ဒေါ်နှင်းသော်တာက ပြောသည်။ ဝင်ခွင့်အရည်အချင်း ဖြေဆိုခွင့်အတွက် မိမိတို့ တက်ရောက်လိုသည့် နည်းပညာတက္ကသိုလ်များတွင် မေလ ၃ ရက် နေ့မှ စပြီး ဇွန်လ ၁၇ ရက်နေ့အထိ
ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စာရွက်စာတမ်းများဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
.
သန်လျင် နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုလွင်မိုးအောင်က”အရင်ကတော့ ပေါင်းကူးစာမေးပွဲတွေကို သုံးလေးနှစ် တစ်ကြိမ်လုပ်ပါတယ်။ အခုနောက်ပိုင်းကျတော့ နည်းနည်းစိပ်လာပါတယ်။ ဒီလိုပေါင်းကူးဖြေဖို့ စိပ်လာတဲ့အတွက် တချို့ BE ပါချင်တဲ့လူတွေ ပြန်ဖြေရတာ စာတွေ မမေ့တော့ဘူးပေါ့”ဟု ပြောသည်။ 
.
အဆိုပါ BE ပေါင်းကူး စာမေးပွဲကို စက်တင်ဘာလ ၆ ရက်နေ့တွင် အင်္ဂလိပ်စာနှင့် ၇ ရက်နေ့တွင် အဓိက ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဒုတိယနေ့ ဖြေဆိုရမည့် အဓိကဘာသာရပ်အတွက် မည်သည့်ဘာသာဖြေဆိုရမည်ကို ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဖြေဆိုရမည့် ရက်နီးလျှင် သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဦး/ Popular News ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment