Pages

Saturday, January 10, 2015

ရဲစခန်းအားလုံး CCTV တပ်ထားသည့် အခန်းတွင်သာ အမှုစစ်ရန် ညွှန်ကြားထား


RangonNewsDaily:: January . 10 .2015
နေပြည်တော် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံးရှိ ရဲစခန်းအားလုံးတွင် အမှုစစ်ရာ၌ ရဲများက နှိပ်စက်ခြင်းရှိမရှိ မိသားစုဝင်က တိုက်ရိုက်ကြည့်ရှုနိုင်ရန် အမှုစစ်ဆေးသည့် အခန်းတိုင်းကို CCTV ထားရှိရန် ညွှန်ကြားထားပြီးဖြစ်သည်ဟု ဒု-ရဲမှူးကြီး ဝင်းစိန်က ပြောသည်။

“ရဲတွေက အမှုစစ်တဲ့အခါ ညှဉ်းပန်းနှိပ်စက်တယ်ဆိုပြီး တိုင်းကြားတာတွေရှိတယ်။ အဲဒါကြောင့် အမှုစစ်တဲ့အခါ CCTV ရှိတဲ့အခန်းထဲမှာပဲ စစ်ရတော့မယ်။ မိသားစုဝင်တွေကလည်း အခန်းထဲ ဝင်ခွင့်မရှိတဲ့အတွက် အပြင်ကနေ တိုက်ရိုက်ကြည့်ရှုခွင့်ရမယ်” ဟု ဒုရဲမှူးကြီး ဝင်းစိန်ကပြောသည်။

အမှုစစ်ရာတွင် ရဲဝန်ထမ်းများက ညှဉ်းပန်နှိပ်စက်သည်ဆိုလျှင်လည်း ဥပဒေအရ အရေးယူနိုင်ရန်ဖြစ်ပြီး မိသားစုများက စွပ်စွဲလာလျှင်လည်း CCTV ၏ မှတ်တမ်းများကို ပြန်လည်ပြသနိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံတော်ဘတ်ဂျက်နဲ့ပဲ အားလုံးတပ်ရတာ။ အလှူခံတာတွေဘာတွေ မဖြစ်အောင်ကို ဘတ်ဂျက်ချပေးတာ။ မတပ်စဉ်ရသေးတဲ့ ရဲစခန်းတွေလည်း ရှိသေးတယ်။ တော်တော်များများတော့ တပ်ထားပါပြီ” ဟု ဒုရဲမှူးကြီး ဝင်းစိန်ကပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးရဲစခန်းတွင် ဒီဇင်ဘာ ၂၄ရက်က အမှုလာဖွင့်သည့် ဒေသခံများကို တွေ့ရစဉ်။ 

(ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ) ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment