Pages

Saturday, January 10, 2015

Samsung Galaxy A ဖုန်း အမျိုးအစားသစ်နှစ်မျိုး မိတ်ဆက်


RangonNewsDaily:: January . 10 .2015
ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ် သော Samsung သည် ၎င်းတို့၏ ဈေးနှုန်းအသင့်အတင့်ရှိပြီး စွမ်း ဆောင်ရည်မြင့်သော Galaxy A စီးရီးအသစ်နှစ်ခုကို ဇန်န၀ါရီ ၈ ရက်တွင် ပြည်တွင်း၌ စတင်မိတ် ဆက်ခဲ့သည်။

‘‘Galaxy A စမတ်ဖုန်းတွေ က လူတန်းစားအလွှာအသီးသီး က သုံးစွဲသူအားလုံးကို အလေးအ နက်ထားတဲ့အတွက် အရည်အ သွေးနဲ့ စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းပိုင်းအရလည်း ရွေးချယ် နိုင်တဲ့အတွက် လူတိုင်းအတွက် သင့်တော်မယ့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်’’ ဟု Samsung My-anmar မန်နေဂျင်း ဒါရိုက်တာ Mr.Nam Sik Ahn က ဆိုသည်။

Galaxy A3 နှင့် Galaxy A5 စမတ်ဖုန်းများသည် ပါးလွှာသော သတ္တုကိုယ်ထည်ဖြင့် တည် ဆောက်ထားပြီး လျင်မြန်စွာ အ သုံးပြုနိုင်မည့် 1.2 Quadcore Processor ကို Android Version 4.4 နှင့် ပေါင်းစပ်ပေးထားသည့် အတွက် အရည်အသွေးမြင့်သော စွမ်းဆောင်ရည်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စမတ်ဖုန်း နှစ်မျိုးလုံးသည် 6.9 mm အထိ ပါးလွှာ ကာ ဆင်းမ်ကတ်နှစ်ခု ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး Galaxy A3 တွင် ၄ ဒသမ ၅ လက်မရှိသော qHD Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး Galaxy A5 တွင် ၅ လက်မရှိသော HD Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားသည်။

ကင်မရာပိုင်း အနေဖြင့် Galaxy A3 တွင် 5MP ရှိသော ရှေ့ကင်မရာနှင့် 8MP ရှိသော နောက်ကင်မရာကို တပ်ဆင်ပေး ထားပြီး Galaxy A5 တွင် 5MP ရှိသော ရှေ့ကင်မရာနှင့် 13MP ရှိသော နောက်ကင်မရာကို တပ် ဆင်ပေးထားသည်။

ဖုန်းတွင်းမှတ်ဉာဏ် အနေ ဖြင့် စမတ်ဖုန်းနှစ်ခုလုံးတွင် In-ternal Memory 16GB တပ်ဆင်ပေးထားပြီး Galaxy A3 တွင် RAM 1GB နှင့် စွမ်းဆောင်ရည်ပိုမြင့် သော Galaxy A5 တွင် RAM 2GB တပ်ဆင်ပေးထားသည့်အ တွက် ပို၍ မြန်ဆန်စွာ အသုံးပြု နိုင်မည်ဖြစ်သည်။

Samsung Myanmar အ နေဖြင့် Galaxy A စမတ်ဖုန်းများ ကို ဇန်န၀ါရီ ၁၂ ရက်တွင် ၎င်းတို့ ၏ အရောင်းဆိုင်များ၌ စတင် ရောင်းချပေးသွားမည်ဖြစ်ပြီး Ga-laxy A3 ကို ၂၉၉,၉၀၀ ကျပ် နှုန်း၊ Galaxy A5 ကို ၃၉,၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment