Pages

Saturday, January 10, 2015

ပဲရစ် မှာ နောက်ထပ် ပစ်ခတ်မှုဖြစ်။ (GMT 12:30)


RangonNewsDaily:: January . 10 .2015
ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ကီလို ၄၀ အကွာမှာ ဒမာတန် အွန်ဂိုလ် Demmartin-en-Goele မြို့မှာ ဓါးစာခံ အနည်းဆုံး တစ်ယောက်ကို ဖမ်းထားတဲ့ ပြင်သစ် နိုင်ငံသား အယ်လ်ဂျီးရီးယား ကွာရှီ Kourachi ညီအစ်ကို သေနတ်သမား နှစ်ယောက်ကို ရဲတွေက ဝိုင်းရံထားချိန်မှာပဲ ပဲရစ်မြိုတော် အရှေ့ပိုင်းက ဂျူးဈေးတန်းတစ်ခုမှာ သေနတ်သမား တစ်ယောက်က ပစ်ခတ်လို့ လူ တစ်ဦး ဒဏ်ရာရသွားပါတယ်။ 
ဓားစာခံ တစ်ဦးကိုလည်း ဖမ်းဆီး ထားရတယ်လို့ သိရပါတယ်။ ရဲတွေက အဲဒီ နေရာကို ရောက်သွားပြီး ရှင်းလင်းနေပါတယ်။ အခု ပစ်တဲ့ သေနတ်သမားဟာ မနေ့က ရဲ အရာရှိ အမျိုးသမီး တစ်ဦးကို ပစ်သတ်သွားသူနဲ့ အတူတူပဲလားဆိုတာကတော့ ချက်ခြင်း မသိရသေးပါဘူး။


ဓါးစာခံ အနည်းဆုံး တစ်ယောက်ကို ဖမ်းထားတဲ့ ပြင်သစ် နိုင်ငံသား အယ်လ်ဂျီးရီးယား ကွာရှီ Kourachi ညီအစ်ကို သေနတ်သမား နှစ်ယောက်နဲ့ ရဲတွေ အဆက် အသွယ် ရပြီလို့ ပြင်သစ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
::
သေနတ်သမားတွေက အဖမ်းမခံပဲ အသေသာ ခံမယ်လို့ ပြောခဲ့ ကြောင်းလည်း သိရပါတယ်။
သူတို့ ခိုအောင်းနေတယ်လို့ ယူဆရတဲ့ ဒမာတန် အွန်ဂိုလ် Demmartin-en-Goele မြို့က အဆောက်အဦကို ဒီကနေ့ တမနက်လုံး လုံခြုံရေးတပ်တွေက ဝိုင်းထားပြီး ဝင်တိုက်ဖို့ ပြင်နေခဲ့ ပေမဲ့ ဓားစာခံ ရှိနေလို့ အဆောက် အဦကို ဝင်စီးဖို့ အရေး အသေအချာ စဉ်းစားနေရတယ်လို့ သိရပါတယ်။

တခါ ပြင်သစ်မှာ နောက်ထပ် ပစ်ခတ်မှု ဖြစ်ပွားတယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။
ပဲရစ် မြို့တော် အရှေ့ပိုင်းကပေါ်တယ် ဒ ဗန်ဆင်း Porte de Vincennes ရပ်ကွက်က ဂျူး supermarket မှာ ဖြစ်ခဲ့တဲ့ အဲဒီ ဖြစ်ရပ်ကြောင့် လူ တစ်ယောက် ဒဏ်ရာရခဲ့ပြီး အနည်းဆုံး လူတစ်ယောက် ဓါးစာခံ ဖမ်းဆီး ခံထား ရတယ်လို့ ပြင်သစ် သတင်းတွေမှာ ဖော်ပြပါတယ်။
::
ဆူပါမာကက်အတွင်း ဈေးဝယ်လာသူတွေနဲ့ ခလေးတွေရှိတယ်လို့သိရပါတယ်။
အခြေအနေတွေဟာ အထူးစိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။

ပြင်သစ် တောင်ပိုင်း မွန်ရုရှ် Montrouge မြို့ ဆင်ခြေဖုံးမှာ မနေ့က ကြာသပတေးနေ့က အမျိုးသမီး ရဲဝန်ထမ်း တစ်ယောက် သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှု လုပ်ခဲ့သူနဲ့ အခု နောက်ဆုံး ပစ်ခတ်တဲ့ သေနတ်သမား တစ်ယောက်ထဲ ဖြစ်နိုင်တယ်လို့ သတင်း တစ်ခုက ပြောပါတယ်။
::
ပြင်သစ်နိုင်ငံကိုလုံခြုံရေး အမြင့်ဆုံးအဆင့် တပ်လှန့်ထားပြီး လေဆိပ်မှာလည်း လေယဉ်အတက်အဆင်းတွေကိုပြောင်းထားပါတယ်။

BBC Burmese ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment